3 w - Translate

ခက်ခဲကြမ်းတမ်းမှုကို ကြုံတွေ့ရတဲ့အခါတိုင်း
တမ်းတမိတာက ကျွန်တော့်ကို ဘယ်နည်းနဲ့မှ
ပြန်မချစ်နိုင်တဲ့ အမျိုးသမီးကိုပါ..။

ကိုယ်မရရှိခဲ့တဲ့
မေတ္တာတရားအပေါ် ယဉ်ကျေးမှုရှိသလို
ကိုယ့်ကိုမေတ္တာမမျှနိုင်တဲ့
အမျိုးသမီးကိုလည်း စိတ်မကွက်ခဲ့ပါဘူး..။

ချစ်ခြင်းမေတ္တာဟာ ဘယ်တော့မှ
ပေါ့ပေါ့တန်တန် ပြုမှုသင့်တဲ့ အရာမဟုတ်ဘူး
မေတ္တာရှိတယ်ဆိုတဲ့ စကားကို ကိုယ်ကပြောလိုက်ပေမဲ့
တစ်ဖက်က မေတ္တာပြန်မပေးလည်း ဆက်ပြီးမေတ္တာထားနိုင်တာက နှလုံးသားမှာတရားရှိတာပဲ မဟုတ်လား။

ဒီလောက်ဆို ဘာကြောင့်
ကျွန်တော် ဆံပင်ရှည်ထားချင်သလဲဆိုတာ
ခင်ဗျား နားလည်မှာပါ..။

#ရိုးတံ
15.9.2024

image