3 w - Translate

Air Canada နှင့် လေယာဉ်မှူးများ အငြင်းပွားမှု အစိုးရဝင်မစွက်
-------------------------------------
Air Canada နဲ့ လေယာဉ်မှူးတွေကြား အငြင်းပွားမှုကို အဆုံးသတ်အောင် ကနေဒါအစိုးရက ကြားဝင်စွက်ဖက်မည်မဟုတ်ကြောင်းနဲ့ သပိတ်မှောက်မှုမဖြစ်အောင် နှစ်ဘက်စလုံးကို ဖိအားပေးဖို့ ရည်ရွယ်ထားကြောင်း ဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးက စက်တင်ဘာ (၁၃) ရက်မှာ ပြောပါတယ်။

လေကြောင်းလိုင်းနဲ့ စီးပွားရေးအုပ်စုတွေဟာ သပိတ်မစခင် လစ်ဘရယ်အစိုးရကို နှစ်ဖက်စလုံးအပေါ် ခုံသမာဓိ အနေနဲ့ စည်းနှောင်မှုဖြစ်စေအောင် တွန်းအားပေးစေလိုပေမယ့် ဒီစိတ်ကူးကို ထရူးဒိုးက ပယ်ချခဲ့ပါတယ်။

သူ ဘယ်ဘက်ကိုမှ လိုက်မှာမဟုတ်ဘဲ ကနေဒါနိုင်ငံသား သန်းပေါင်းများစွာကို မထိခိုက်အောင် ဘယ်လိုနည်းလမ်းရှာရမလဲ ဆိုတာကို အဖြေရှာဖို့ Air Canada နဲ့ လေယာဉ်မှူးများသမဂ္ဂတို့အပေါ်ပဲ မူတည်တယ်လို့ စက်တင်ဘာ ၁၃ ရက်က ကွိဘက်မြို့မှာ ထရူးဒိုးက ပြောပါတယ်။

လေကြောင်းလိုင်းဟာ စက်တင်ဘာ ၁၈ ရက်က စတင်ပြီး ရပ်တန့်သွားနိုင်ပါတယ်။ Air Canada နဲ့ သူတို့ တန်ဘိုးနည်းလေကြောင်းလုပ်ငန်းခွဲ Air Canada Rouge တို့ဟာ တစ်နေ့ကို ခရီးစဉ်ပေါင်း ၆၇၀ နီးပါး ပျံသန်းနေပါတယ်။

ဒီလေကြောင်းလိုင်းတွေ ရပ်တန့်ရင် နေ့စဉ်ခရီးသည် ၁၁၀,၀၀၀ နဲ့ လေကြောင်းကုန်စည်တွေကို ထိခိုက်စေနိုင်ပါတယ်။

image