3 w - Translate

ဟေတီတွင် လောင်စာဆီတင် ထရပ်ကားပေါက်ကွဲ၍ ၂၅ ဦးသေဆုံး
--------------------
ဟေတီနိုင်ငံတောင်ပိုင်း ကျွန်းဆွယ်မှာ စနေနေ့က လောင်စာဆီထရပ်ကားတစ်စီး ပေါက်ကွဲခဲ့ရာ လူ ၂၅ ဦးထက်မနည်း သေဆုံးပြီး အသက်ရှင်ကျန်ရစ်သူ ၄၀ လောက်ဟာ မီးလောင်ဒဏ်ရာတွေ ပြင်းထန်စွာ ရရှိခဲ့ကြပါတယ်။

ဟေတီ ဝန်ကြီးချုပ် ဂါရီ ကွန်နှီလီဟာ ကမ်းရိုးတန်းမြို့ မီရာဂိုနေအနီးက အချင်းဖြစ်ပွားရာကို သွားရောက်ကြည့်ရှုခဲ့ပြီး အပြင်းထန်ဆုံး ဒဏ်ရာရသူတချို့ကို ဆေးကုသဖို့ ရဟတ်ယာဉ်နဲ့ ကယ်ထုတ်ခဲ့တယ်လို့ ပြောပါတယ်။

ထရပ်ကားနဲ့ လောင်စာလှောင်ကန်ကို တခြားယာဉ်တစ်စီးက တိုက်ခိုက်လို့ လောင်စာကန် ပေါက်ကွဲပြီးနောက် လူအများအပြားဟာ လောင်စာဆီ အပြေးအလွှား လာယူခဲ့ကြတယ်လို့ မျက်မြင်သက်သေတစ်ဦးက ပြောပါတယ်။

အဲဒီနောက် လောင်စာကန်ပေါက်ကွဲခဲ့ပြီး လူဘယ်လောက်သေတယ်ဆိုတာတောင် ပြောဖို့ခက်တယ်လို့ ဆိုပါတယ်။

မြို့တော် ပို့အော်ပရင့်စ်အနီးတစ်ဝိုက်ကို လူဆိုးဂိုဏ်တွေက အုပ်စုဖွဲ့ထိန်းချုပ်ထားတဲ့အတွက် မီရာဂိုနေဒေသကို လောင်စာဆီပို့ဆောင်မှုဟာ အဝေးပြေးလမ်းတွေကို ရှောင်ရှားနေရတဲ့အတွက် နှေးကွေးနေပါတယ်။

ဟေတီမှာ လူဆိုးဂိုဏ်းတွေ ပြန့်နှံ့လာမှုကြောင့် အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းနေထိုင်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ကလေးစစ်သားစုဆောင်းမှုနဲ့ ငတ်မွတ်ခေါင်းပါးမှုတို့နဲ့အတူ လူသားချင်းစာနာမှု အကျပ်အတည်း ဖြစ်ပေါ်စေခဲ့ပါတယ်။ အခုအခါ တစ်နိုင်ငံလုံးမှာ အရေးပေါ်အခြေအနေ ကြေညာထားဆဲဖြစ်ပါတယ်။

image