3 w - Translate

>>>>>>>

ဆန်ချိုဟာ ဒီပွဲစဉ်မှာ ဒုတိယပိုင်းမှာ လူစားလဲဝင်ရောက်ခွင့်ရခဲ့ပေမယ့် အကောင်းဆုံးစွမ်းဆောင်ရည်တွေပြသခဲ့ပြီး ချယ်လ်ဆီးအသင်းနိုင်ပွဲရရှိအောင်စွမ်းဆောင်ပေးခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဆန်ချိုဟာ ဒီပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားဆုဖြစ်တဲ့( Player of the Match)ဆုကို ရရှိခဲ့တာပါ။ ပွဲအပြီးမှာ ဆန်ချိုက သူဟာ ချယ်လ်ဆီးအသင်းမှာ သက်တောင့်သက်သာရှိတယ်လို့ ချက်ချင်းခံစားခဲ့ရကြောင်းပြောခဲ့ပြီး မန်ယူနိုက်တက်အသင်းနဲ့ နည်းပြအဲရစ်တန်ဟတ်တို့ကို စောင်းမြောင်းပြောဆိုခဲ့ပါတယ်။

ဆန်ချိုက "ချယ်လ်ဆီးအတွက် ပွဲဦးထွက်က အံ့သြစရာကောင်းခဲ့ပြီး အရင်လိုပြန်ကစားနိုင်ခဲ့လို့ ကျေးဇူးတင်ပါတယ်။ ပြီးခဲ့တဲ့ရာသီကို ချန်ပီယံလိဂ်ဖိုင်နယ်နဲ့အတူ ကြီးမားစွာအဆုံးသတ်နိုင်ခဲ့ပြီး ဒီရာသီကိုလည်း ကောင်းမွန်စွာစတင်နိုင်ခဲ့တာကြောင့် ကျွန်တော်ပျော်ပါတယ်။ အခုအချိန်မှာ ကျွန်တော်ဟာ သက်တောင့်သက်သာရှိသလိုခံစားနေရလို့ အလွန်ပျော်ပါတယ်"လို့ Sky Sports ကို ပြောခဲ့တာပါ။

ဆန်ချိုဟာ မန်ယူနိုက်တက်အသင်းမှာရှိခဲ့တဲ့ ကာလတစ်လျှောက်ခြေစွမ်းပြသနိုင်ဖို့ရုန်းကန်ခဲ့ရပြီး မနှစ်ကရာသီမှာ နည်းပြအဲရစ်တန်ဟတ်နဲ့ အဆင်မပြေမှုတွေရှိခဲ့တာကြောင့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းဟောင်း ဒေါ့မွန်အသင်းထံ အငှားသွားရောက်ကစားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဆန်ချိုဟာ နည်းပြ အဲရစ်တန်ဟတ်နဲ့ ဆွေးနွေးမှုတွေပြုလုပ်ပြီးနောက် အဆင်ပြေခဲ့တာကြောင့် ရာသီကြိုခြေစမ်းပွဲတွေမှာ မန်ယူနိုက်တက်အသင်းအတွက် ပါဝင်ကစားခွင့်ရခဲ့တာပါ။

ဆန်ချိုဟာ မန်ယူနိုက်တက်အသင်းအတွက် ကွန်မြူနတီဒိုင်းပွဲစဉ်မှာပါဝင်ခဲ့ပေမယ့် ရာသီသစ်ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ပါဝင်ကစားခွင့်မရခဲ့ဘဲ နွေရာသီအပြောင်းအရွှေ့နောက်ဆုံးနေ့မှာ ချယ်လ်ဆီးအသင်းက သူ့ကို ရာသီအကုန်ထိ အငှားနဲ့ခေါ်ယူခဲ့ပြီး ရာသီကုန်ဆုံးချိန်မှာ အပြီးသတ်ခေါ်ယူသွားမှာဖြစ်ပါတယ်။

image