3 w - Translate

စားနပ်ရိက္ခာရှားပါးနေသည့် ဇင်ဘာဘွေတွင် ဆင်အကောင်ရေ ၂၀၀ ကို သုတ်သင်သွားမည်ဟု အာဏာပိုင်များ ပြောကြား

ဇင်ဘာဘွေနိုင်ငံသည် စားနပ်ရိက္ခာရှားပါးမှုကို ဖြစ်စေခဲ့သည့် မကြုံစဖူး မိုးခေါင်မှုနှင့် ရင်ဆိုင်နေရချိန်တွင် ဆင်အကောင်ရေ ၂၀၀ ခန့်ကို သုတ်သင်သွားမည်ဖြစ်ကြောင်း ဇင်ဘာဘွေ တောရိုင်းတိရစ္ဆာန်အာဏာပိုင် အဖွဲ့က စက်တင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

နိုင်ငံအတွင်း ဆင်ကောင်ရေ များပြားလာပြီး ပိုလျှံတိရစ္ဆာန်သုတ်သင်မှုအဖြစ် ထိုသို့ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

ဇင်ဘာဘွေနိုင်ငံအတွင်း ဆင်များ၏အရေအတွက်သည် လိုအပ်သည်ထက် ပိုမိုကျော်လွန်နေပြီဖြစ်ကြောင်း ဇင်ဘာဘွေ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးက စက်တင်ဘာ ၁၁ ရက်တွင် လွှတ်တော်ကို ပြောကြားခဲ့ပြီး ပိုလျှံနေသည့် ဆင်များကို သုတ်သင်သည့်လုပ်ငန်းစဉ်ကို စတင်ရန် ဇင်ဘာဘွေ ဥယျာဉ်နှင့် တောရိုင်း တိရစ္ဆာန်အာဏာပိုင်အဖွဲ့ (Zimparks) ကိုအစိုးရက ညွှန်ကြားထားကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။

►► (Zawgyi ဖြင့်ဖတ်ရန်)

image