3 w - Translate

တစ်ချိန်က
ကိုယ့်ကို သည်းသည်းလှုပ်ချစ်တဲ့
လူတစ်ယောက်ရှိခဲ့ဖူးတယ် ။
ကိုယ်က သိပ်အနိုင်ကျင့်တာ
မချစ်တတ်သေးတာလည်း ပါမှာပေါ့
ဖုန်းတွေဆက်တဲ့အခါ ကိုင်ချင်မှ ကိုင်တယ်
စာတွေပို့လာတဲ့အခါ ဖတ်ချင်မှ ဖတ်တယ်
စကားတွေပြောနေတဲ့အခါ
နားထောင်ချင်မှ နားထောင်တယ်
အဲဒီတုန်းကတော့
နာကျင်ပါစေဆိုတဲ့ ရည်ရွယ်ချက်တွေ
မပါခဲ့ပေမယ့် တကယ်တမ်းကျတော့
ကိုယ်သူ့က်ို နာကျင်စေခဲ့မိပါတယ် ။
အခုတော့ အရာအားလုံးကို
စနစ်တကျ ပြန်စာနာလာရပြီ
ကိုယ်ချစ်တဲ့သူကိုမှ ရွေးချယ်မယ်ဆိုတဲ့ ငါက
ကိုယ့်ကိုမချစ်တဲ့လူအနားမှာ
မျက်ရည်တွေနဲ့ရော ရှိုက်သံတွေနဲ့ရော
အသေအချာကြီး ရပ်နေမိလေရဲ့ ။

- သုတ

image