3 w - Translate

ရေဘေးသင့်ဒေသများအတွက် သရုပ်ဆောင် ဝတ်မှုံရွှေရည်က ကျပ်သိန်း ၁၀၀ လှူဒါန်း

ရေဘေးသင့်ပြည်သူများအတွက် သရုပ်ဆောင် ဝတ်မှုံရွှေရည်က စက်တင်ဘာ ၁၃ ရက်တွင် ကျပ်သိန်း ၁၀၀ လှူဒါန်းခဲ့ကြောင်း လူမှုကွန်ရက် Wutt Hmone Shwe Yi Facebook အကောင့်တွင် ဖော်ပြထားချက်အရ သိရသည်။

ခိုင်နှင်ဝေးပရဟိတအသင်းသို့ လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ယင်းသို့လှူဒါန်းမှုအတွက် သရုပ်ဆောင် အကယ်ဒမီ ဝတ်မှုံရွှေရည်ကို ကျေးဇူးတင်ရှိကြောင်း ခိုင်နှင်ဝေးပရဟိတလူငယ်များအဖွဲ့က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

လတ်တလောဖြစ်ပွားနေသည့် ရေကြီးဒေသများအတွက် လိုအပ်သော ကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းများလုပ်ဆောင်နိုင်ရန်အတွက် မခိုင်နှင်းဝေကတဆင့် ကူညီပေးဖြစ်ကြောင်း၊ ခင်ပွန်းဖြစ်သူ ကိုနိုင်ဖြိုးကျော်နှင့်အတူ လှူဒါန်းခဲ့ကြောင်း ၎င်း၏အကောင့်တွင် မျှဝေဖော်ပြထားသည်။

image