3 w - Translate

WHAT A FIGHT!!! Joshua Van and Edgar Chairez definitely delivered! ? #UFC306
Edgar Chairez ကို Unanimous Decision နဲ့အနိုင်ရရှိသွားခဲ့တဲ့ ချင်းဖိုက်တာလေး Joshua Van
ပထမအချီမှာ Edgar Chairez ကပိုသာတယ်။ အရပ်နဲ့လက်တံကွာဟချက်ကြောင့် Jap ထောက်တာနဲ့တောင် Van တိုင်ပတ်နေခဲ့တယ်။ ဒုတိယအချီမှာတော့ Joshua Van အနာခံပြီးရင်းထိုးကာ Body Shot တွဲလုံးတွေကနေတစ်ဆင့် KO ရလုနီးပါးဖြစ်အောင်စွမ်းဆောင်နိုင်ခဲ့တယ်။ ဗန်လည်းအတော်ခံရပါသေးတယ်။
တတိယအချီမှာတော့ နှစ်ယောက်စလုံး Cardio ပိုင်းကျနေပြီ ။ Van က Edgar Chairez လို Grappling ကောင်းသူကို ချုပ်ကွက်ရဖို့တောင်ပုံဖော်ကစားလိုက်သေးသလို ကြမ်းပြင်ပေါ်မှာလည်း Ground and Pound လုပ်နိုင်ခဲ့တယ်။ Takedown တွေလည်းရခဲ့သလို Control Time ကြောင့် ဒိုင်လူကြီးသုံးဦးစလုံးက Joshua Van ကိုတစ်ညီတစ်ညွှတ်တည်းအနိုင်ပေးလိုက်တယ်။
ဒီပွဲက Joshua Van အတွက်ထိုက်တန်တဲ့နိုင်ပွဲတစ်ပွဲပါ။ ( 14 ) ရက်အလိုမှ Short Notice နဲ့လူစားထိုးဝင်ကစားပေးတာဖြစ်လို့ ဒီလောက်စွမ်းဆောင်နိုင်တာကိုတင် ကျေနပ်ရမှာပါ။ နောက်ကစားမယ့် ပွဲတွေမှာတော့ Ranking Top - ( 15 ) ထဲက ဖိုက်တာတစ်ဦးဦးနဲ့ဖြစ်စေချင်မိတယ်။

Credit