3 w - Translate

ယူရေနီယံစက်ရုံ ကင်ဂျုံအွန်း စစ်ဆေးနေတာကို မြောက်ကိုရီးယားပထမဆုံး ထုတ်ပြ

နျူကလီးယားလက်နက်တွေအတွက် လိုအပ်တဲ့ပစ္စည်းတွေထုတ်ပေးတဲ့ ယူရေနီယံအားဖြည့်သန့်စင် စက်ရုံကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း စစ်ဆေးကြည့်ရှုနေပုံကို မြောက်ကိုရီးယားက ပထမဆုံးအကြိမ် ထုတ်ပြလိုက်ပြီး ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေရှိနေချိန်မှာ အခုလို ထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။

‘’ထုတ်လုပ်မှုတိုးမြှင့်’’ဖို့ ယူရေနီယံစက်ရုံကို ကင်က ညွှန်ကြားလိုက်တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာ ကိုရီးယားဗဟိုသတင်းဌာန(KCNA) က ဖော်ပြပါတယ်။
နျူကလီးယားထိပ်ဖူးတွေ ထုတ်လုပ်ရေးမှာ အားဖြည့်သန့်စင်ထားတဲ့ ယူရေနီယံတွေက မရှိမဖြစ်လိုအပ်ပါတယ်။

ဘယ်အချိန်က ကင်ဂျုံအွန်း သွားရောက်စစ်ဆေးတယ်၊ ဘယ်စက်ရုံကို သူသွားခဲ့တယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မြောက်ကိုရီးယားက မဖော်ပြပါဘူး။

မြောက်ကိုရီးယားဟာ နာမည်ကျော် ယွန်ဗြွန်စက်ရုံအပြင် တခြားယူရေနီယံအားဖြည့်သန့်စင်စက်ရုံတစ်ခုကိုလည်း တိတ်တဆိတ်လည်ပတ်နေတယ်လို့ ကျွမ်းကျင်သူတွေ သံသယဝင်နေတာကြာပါပြီ။

ဒီထုတ်ပြန်မှုဟာ အမေရိကန်သမ္မတရွေးကောက်ပွဲကို ပေးလိုက်တဲ့ သတင်းစကားဖြစ်နိုင်ပြီး နောက်တက်လာမဲ့ အမေရိကန်အစိုးရဟာ မြောက်ကိုရီးယားနျူလက်နက်ဖျက်သိမ်းရေးလုပ်ဆောင်ဖို့ လုံးဝမဖြစ်နိုင်ဘူးဆို့ ဆိုလိုတာဖြစ်ကြောင်း ကိုရီးယားအမျိုးသားပြန်လည်ပေါင်းစည်းရေးအင်စတီကျုက အကဲခတ် ဟောင်မင်က အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။

မြောက်ကိုရီးယားက ‘’အားဖြည့်သန့်စင်ထားတဲ့ယူရေနီယံ’’ တိုးမြှင့်ထုတ်လုပ်ရေးကို တောင်ကိုရီးယားအစိုးရက ပြင်းပြင်းထန်ထန်ရှုတ်ချထားပါတယ်။

မြောက်ကိုရီးယားမှာ နျူလက်နက်ဘယ်လောက်ရှိတယ်ဆိုတာကို မသိရပေမဲ့ လက်နက် ၅၀ လောက်ရှိပြီး နောက်ထပ် ၄၀ လောက် ထုတ်လုပ်ဖို့ လုံလောက်တဲ့ ပစ္စည်းတွေရှိတယ်လို့ မကြာသေးမီက ပြုလုပ်တဲ့ ခန့်မှန်းချက်တစ်ခုအရ သိရပါတယ်။

image