3 w - Translate

Breaking News
သိပ္ပံပညာရှင် ဒေါက်တာစောဝေလှ Falling Walls award ချီးမြှင့်ခံရ
AB News-စက်တင်ဘာ ၁၄၊ ၂၀၂၄
သိပ္ပံပညာရှင် စောဝေလှသည် ပြီးခဲ့သည့်နှစ်က X-ray အသုံးပြု၍ တစ်ကမ္ဘာလုံးတွင် ပထမဆုံး အက်တမ်တစ်ခုကို ပုံဖော်နိုင်သော သိပ္ပံပညာရှင်အဖြစ် ထူးချွန်အောင်မြင်ခဲ့၍ ယခုနှစ်တွင် သူ၏ Physics ပညာရပ်နယ်ပယ်တွင် ထူးချွန်သည့် ရလဒ်များကြောင့် ၂၀၂၄ ခုနှစ်၏ Falling Walls Science Breakthrough of the Year (Physical Sciences) ဆု ချီးမြှင့်ခံရခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ဤထူးချွန်ဆုသည် သိပ္ပံနှင့်ဆန်းသစ်တီထွင်မှုများတွင် သူ၏ ထင်ရှားသော အောင်မြင်မှုများကို အသိအမှတ်ပြုခြင်းဖြစ်ပြီး Falling Walls Foundation မှ ချီးမြင့်ခြင်းဖြစ်သည်။
"ကမ္ဘာ့ထိပ်တန်းသိပ္ပံပညာရှင်တွေထဲက အသိအမှတ်ပြုခံရတဲ့အတွက် အလွန်ဂုဏ်ယူဖွယ်ရာဖြစ်ပါတယ်" “ဒီအသိအမှတ်ပြုမှုဟာ Ohio တက္ကသိုလ်၊ Argonne National Laboratory နှင့် ကျွန်ုပ်တို့ရရှိခဲ့တဲ့ သိပ္ပံလောက၏ ထောက်ပံ့ကူညီမှုတွေအတွက် ကျွန်ုပ်၏အဖွဲ့ရဲ့ ပူးပေါင်းကြိုးပမ်းမှုများကို တစ်စုတစ်ဝေးအဖြစ် ကိုယ်စားပြုပါတယ်။ ဒီအသိအမှတ်ပြုခြင်းအတွက် ကျေးဇူးတင်ရှိပြီးတော့ ကျွန်ုပ်တို့ အလုပ်ရဲ့ အကျိုးသက်ရောက်မှုအပေါ်မှာ စိတ်လှုပ်ရှားနေပါတယ်။" ဟု စောဝေလှက ပြောကြားခဲ့သည်။
ဒေါက်တာစောဝေလှသည် ယခုနှစ်တွင် နိုင်ငံတဝှမ်းမှ တက္ကသိုလ်နှင့်အဖွဲ့အစည်းပေါင်း ၃၀၀ ကျော်မှ အဆိုပြုလူဦးရေ ၁၁၀၀ ကျော်များထဲမှ Falling Walls ဆုကို ရရှိခဲ့ခြင်းဖြစ်ပြီး သူသည် Ohio တက္ကသိုလ်တွင်အထူး ထူးချိန်သည့် သိပ္ပံပညာရှင် တစ်ဦးဖြစ်သလို Argonne National Laboratory တွင် ထင်ရှားသည့် သုတေသနပညာရှင်တစ်ဦးလည်းဖြစ်သည်။
"ဒေါက်တာစောဝေလှ ရဲ့ ရလဒ်ဟာ ထင်ရှားလှတဲ့ တိုးတက်မှုတစ်ခုဖြစ်ပြီး အနာဂတ်အတွက် လမ်းဖောက်ပေးတာဖြစ်ပါတယ်။ "Falling Walls ဆုသည် ထူးချွန်သော အသိအမှတ်ပြုချက်တစ်ခုဖြစ်ပြီး ဒေါက်တာစောဝေလှကို ကမ္ဘာ့ထိပ်တန်းသိပ္ပံပညာရှင်များအနက် တစ်ဦးအဖြစ် ရပ်တည်စေပါတယ်။ ကျနော်တို့ သူ့ရဲ့ အောင်မြင်မှုကို ဂုဏ်ပြုလိုက်ပါတယ်။ ခုလိုစွမ်းဆောင်ပေးခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်" ဟု အိုဟိုင်းယိုးတက္ကသိုလ် ၏ အနုပညာနှင့် သိပ္ပံ ဌာနမှ ဌာနမှူး Matthew Ando က ပြောကြားသည်။
အပြည့်အစုံကို ဆက်လက် ဖော်ပြပေးသွားမည်ဖြစ်သည်။

image