3 w - Translate

ကား အင်ဂျင် ရေဝင်/ရေမြုပ်ခဲ့ရင်
ဘာတွေလုပ်ရမလဲ
📌📌📌

1. စက်ပြန်နှိုးဖို့ မကြိုးစားပါနဲ့ ❌
2. ရေအကုန်ထွက်အောင် အရင်လုပ်ပါ ✅
3.ရေစင်အောင် အ‌ခြောက်ခံပါ ✅

1. စက်ပြန်နှိုးဖို့ မကြိုးစားပါနဲ့ - သန်းခေါင်ထက် ညဥ့်မနက်တော့ပါဘူး။
အင်ဂျင်ရေဝင်/ရေမြုပ်ခဲ့ပြီဆိုမှတော့ စက်ပြန်နှိုးဖို့ မကြိုးစားပါနဲ့တော့။
အများစုက စက်နှိုး ရ/မရ စမ်းချင်စိတ် ရှိကြပါတယ်။ လုံးဝ မစမ်းပါနဲ့။
ရေမထုတ်/မခြောက်ဘဲ စက်ပြန်နှိုးမယ်ဆို အင်ဂျင်နဲ့ ဂီယာ ပျက်စီးဖို့
များပါတယ်။ စက်နှိုးလိုက်မှ ရေကို ရှိုက်သွင်းသလို ဖြစ်သွားပြီး
အင်ဂျင်ပိုပျက်သွားနိုင်ပါတယ်။ ပစ်စတင်တွေ ပျက်စီးတာ၊
ကောက်နက်တင်းတွေ ကောက်/ကျိုး ကုန်တာတွေ ဖြစ်တတ်ပါတယ်။
ဒါကြောင့် စက်ပြန်နှိုးဖို့ကို အရင်မလုပ်ပါနဲ့။ ဖြစ်နိုင်ရင် ဘက်ထရီကို
ရေ‌ခြောက်တဲ့အထိ ဖြုတ်ထားပေးပါ။

2. ရေအကုန်ထွက်အောင် အရင်လုပ်ပါ - ကားထဲမှာ ရေဝင်နေတာ
အချိန်ကြာလေလေ ပိုဆိုးလေဖြစ်တဲ့အတွက် ပထမဆုံးလုပ်ရမှာက
ဝင်နေတဲ့ရေ အကုန်ထွက်အောင် လုပ်ပါ။ ဖုန်စုပ်စက်တို့
ရေစုပ်တဲ့ အဝတ်စတို့နဲ့ ကားထဲမှာ ရေမကျန်အောင် လုပ်ပေးပါ။

3. ရေစင်အောင် အခြောက်ခံပါ - အချို့သော အီလက်ထရောနစ်
ပစ္စည်းတွေက ရေတိုက်ရိုက်ထိမှ မဟုတ်ဘဲ ရေငွေ့များရင်လည်း
ပျက်တတ်တဲ့အတွက် သော့မဖွင့်ခင်/စက်မနှိုးခင်မှာ ရေ‌ခြောက်အောင်
အရင်လုပ်ရပါမယ်။ ကားက နေရောင်ခြည်ရတဲ့နေရာမှာဆို လုပ်ရပိုလွယ်ပါမယ်။
မှန်တွေအကုန်ချပါ။ တံခါးတွေဖွင့်ပါ။ အခြောက်ခံပါ။
နေရိပ်ထဲမှာဆို ပန်ကာတို့ heater တို့ သုံးပြီး အ‌ခြောက်ခံပေးပါ။

ဒီအဆင့်တွေလုပ်ပြီးမှ ဘက်ထရီး ပြန်တပ်ပြီး စမ်းနှိုးသင့်ပါတယ်။
စမ်းနှိုးမယ်ဆိုရင်လည်း ကားက ရေဘယ်လောက်ထိ မြုပ်ခဲ့တာလဲ။

ဒက်ရှဘုတ် တစ်ခုလုံး မြုပ်သွားလား။
အဲကလင်နာ၊ အင်းလက် စတာတွေရော မြုပ်သွားလား။
အင်ဂျင်ထဲ ရေဝင်လောက်တယ်လို့ သံသယရှိလား။
ဒီလိုဆိုရင် ကိုယ်တိုင် စမ်းနှိုးတာမျိုး မလုပ်ဘဲ
ကျွမ်းကျင်သူခေါ် ကြည့်ခိုင်းပြီးမှ စမ်းနှိုးသင့်ပါတယ်။

ရေဝင်/မြုပ်ခဲ့ရင် ဘာတွေ ပျက်နိုင်လဲ
❌❌
1. အဆိုးဆုံးဖြတ်ခဲ့မယ်ဆို အင်ဂျင်လစ်သွားပါမယ်။
2. သံချေးတက်မယ်/ဆွေးမယ်။
3. ဝါယာရိန်းလိုင်းမှာ error ဖြစ်မယ်

image