3 w - Translate

ခေတ်ပေါ် နွားနို့ အတုလုပ်နည်း နှင့် နွားနို့ထဲကို
ဘာတွေ ရောနှောတတ်သလဲ ဆိုတာ …
နွားနို့ထဲကို ဝိသမလောဘသား ထုတ်လုပ်သူတွေက
ဘာတွေ ရောနှောတတ်သလဲ ဆိုတာလေးကို အရင်
တင်ပြပါရစေ။
ပထမဆုံး အရာကတော့ နွားနို့ အတုဖြစ်ပါတယ်။ နွားနို့
လုံးဝ မပါတဲ့အတွက် ဈေးအပေါဆုံးနည်းမို့ အသုံးအများ
ဆုံး ဖြစ်ပါတယ်။
နွားနို့ အတုအထဲမှာ ဘာတွေပါသလဲဆိုတော့ အစစ်နဲ့
တူအောင် ယူရီးယား၊ Starch (ကော်မှုန့်)၊ ပေါင်ဒါသကြား၊ ဆော်ဒါ၊ စားအုန်းဆီ၊ အဖြူရောင်ရေဆေးနဲ့ ပျစ်အောင်
ခေါင်းလျော်ရည်ကို အချိန်နဲ့ ထည့်ကြပါတယ်။ ထည့်ထား
တဲ့ ပစ္စည်းတွေက လူကို ဥပါဒ်အပေးဆုံးမို့ အန္တရာယ် အများဆုံးလည်း ဖြစ်ပါတယ်။
နောက်တစ်မျိုးကတော့ ကျွန်မတို့ အတော်များများ သိကြတဲ့ ရေရောတာဘဲ ဖြစ်ပါတယ်။ ဒီနည်းက နွားနို့များများ ပွားစေ
ပြီး ရောတဲ့ ရေမသန့်ပါက လူကို အန္တရာယ်ပေးပါတယ်။
နောက်တစ်နည်းကတော့ အဝတ်လျှော် ဆပ်ပြာရည်
ရောတာဘဲ ဖြစ်ပါတယ်။ အဲဒီနည်းက အမြှုပ်ထစေတဲ့
အတွက် နွားနို့ကို ပြစ်သရောင် ထင်ရအောင် ဖြစ်ပါတယ်။ များများ စားသုံးမိပါက အဝတ်လျှော် ဆပ်ပြာကြောင့် အူ
လမ်းကြောင်းနဲ့ ကျောက်ကပ်ကို ဒုက္ခပေးပါတယ်။
နောက်တစ်မျိုးကတော့ နွားနို့ကို အထားခံအောင် Benzoin Acid, Salicylic Acid နဲ့ ဖော်မလင် (Formalin) စတာတွေကို ထည့်တာပါဘဲ။
နောက်ဆုံးတစ်မျိုးကတော့ နွားနို့ထဲကို အမိုးနီယား (Ammonium Sulphate) ထည့်တာပါဘဲ။
ဒီနည်းက နွားနို့ကို ပျစ်စေ၊ လေးစေပြီး နွားနို့စံချိန် စစ်တဲ့ ကိရိယာ (Lactometer) ကတောင် ရံဖန်ရံခါ ဖတ်ဖို့ ခက်ခဲတဲ့အတွက် ခွဲခြားဖို့ အခက်ခဲဆုံးအရာဘဲ ဖြစ်ပါတယ်။
(နွားနို့ရောင်းချသူ အားလုံးကို မဆိုလိုပါဘူး)
အခုနွားနို့ကို ဘယ်လို ရောနှောတတ်တဲ့ အကြောင်းကို
ပြောပြီးပြီမို့ သူတို့ကို ဘယ်လို စစ်ဆေးနိုင်သလဲ ဆိုတာ
လေးကို တင်ပြသွားပါမယ်။
အများစုသော အရာတွေက ဓါတ်ခွဲစစ်ဆေးမှ သိနိုင်တာမို့
ဓါတ်ခွဲခန်းသုံး ပစ္စည်းကိရိယာတွေ မပါဘဲ စားသုံးသူတို့
မျက်စိနဲ့ စစ်ဆေးနိုင်တဲ့ နည်းလမ်းတွေကို ရွေးချယ်ပြီး
တင်ပြလိုက်ပါတယ်။
ပထမဆုံး နည်းကတော့ ကိုယ်ဝယ်ထားတဲ့ နွားနို့ကို ရေ
ရော မရောသိချင်ရင်တော့ နွားနို့ကို ချောတဲ့ မျက်နှာပြင်
မှန်လိုဟာမျိုးပေါ်မှာ အစက်ချပြီး မှန်ကို နည်းနည်းမတ်
လိုက်လို့ နွားနို့က မြန်မြန် ရေလို စီးသွား တယ်ဆိုရင်
တော့ ရေပါပြီပေါ့ရှင်။
နွားနို့အစစ်က ရေထက်လေးတော့ ချက်ချင်းမစီးဘဲ ဖြေးဖြေးချင်း စီးရမယ်လေ။ အဲဒီလို မစီးရင်တော့ ရေရောပြီပေါ့ရှင်။ စီးကျနှုန်းကို ကြည့်ပြီး ရောတဲ့ရေ အနည်းအများကို ခန့်မှန်းလို့ ရနိုင်ပါတယ်ရှင်။
နောက်တစ်နည်းဖြစ်တဲ့ ဆပ်ပြာရည် ရောထားတဲ့ နွားနို့
ကတော့ သောက်ရင် ခါးသက်သက် အရသာရှိပြီး နွားနို့ကို လက်ညှိုးနဲ့ လက်မကြား ပွတ်ကြည့်ရင် ဆပ်ပြာလို ချော
ကျိကျိ နေတာကို တွေ့ရပါလိမ့်မယ်။
နောက်ဆုံးနည်းကတော့ ဝယ်ထားတဲ့ နွားနို့ကို အပူမပေး
ခင်မှာ နည်းနည်းဖယ်ထားပြီး ကျန်တာကို အပူပေးပြီးရင် အရောင်ချင်း ယှဉ်ကြည့်ပါ။ လိုအပ်တာ ထက်ပိုတဲ့ အဝါ
ရောင်ကို ပြောင်းသွားရင်တော့ နွားနို့ မစစ်တာ သေချာပြီ
ပေါ့ရှင်။
Crd- မူလ ပိုစ့်ပိုင်ရှင်

image