3 w - Translate

မန်ယူတွင် ရခဲ့သည့် အတွေ့အကြုံကို အနာဂတ်သင်ခန်းစာအဖြစ် မှတ်ယူဟု ဗန်ဒီဘိခ်ပြော

မန်ယူအသင်းမှာရရှိခဲ့တဲ့ အတွေ့အကြုံတွေကို အနာဂတ်သင်ခန်းစာအဖြစ် မှတ်ယူကြောင်း ကွင်းလယ်ကစားသမား ဗန်ဒီဘိခ်က ပြောပါတယ်။

ဟော်လန်ကစားသမားဟာ အိုင်ယက်စ်မှာ ခြေစွမ်းပြသနေချိန်မှာ မန်ယူအသင်းက ပေါင် ၃၅ သန်း နဲ့ ခေါ်ယူခဲ့တာပါ။

မန်ယူအသင်းနဲ့ ပထမဆုံးရာသီမှာ စုစုပေါင်း ၃၆ ပွဲကစားခွင့်ရခဲ့ပေမဲ့ လူစားဝင်ကစားတဲ့ပွဲက ပိုများပြီး ပရီးမီးယားလိဂ်မှာ ၄ ပွဲသာ ပွဲထွက်ကစားခွင့် ရရှိခဲ့တာပါ။

မန်ယူအသင်းမှာ ပွဲချိန်များများ မကစားနိုင်ခဲ့ပေမဲ့ အများကြီးလေ့လာသင်ယူခဲ့ကြောင်း၊ အဲဒီ အတွေ့အကြုံနဲ့ သင်ခန်းစာတွေကို အနာဂတ်အတွက် ယူဆောင်သွားမှာဖြစ်ကြောင်း ဗန်ဒီဘိခ်က ပြောပါတယ်။

ဗန်ဒီဘိခ်ဟာ လက်ရှိအချိန်မှာတော့ ဥရောပချန်ပီယံလိဂ် ကစားခွင့်ရမဲ့ စပိန်ကလပ် ဂီရိုနာ အသင်းဆီ ပြောင်းရွှေ့ကစားနေပါတယ်။

image