3 w - Translate

ချစ်နေရဲ့နဲ့ ချန်ထားခဲ့တယ်ဆိုတာ မရှိပါဘူး
သူ့ဘဝတလျှောက်လုံးမှာ ကိုယ်မရှိလဲ ပျော်ရွှင်စွာ နေထိုင်နိုင်လို့သာ ချန်ထားခဲ့တာပါ
ဒါဟာ အမှန်ပါပဲ

တကယ်သာ ကိုယ့်ကို ချစ်ရင် ပိုင်ဆိုင်ဖို့ ကြိုးစားမှာပဲ
ဘာအတွက်ကြောင့်မှ ချန်ထားခဲ့မှာ မဟုတ်ပါဘူး

လူတွေက ကိုယ်ပျော်ရွှင်ရာ အဆင်ပြေရာကို လျှောက်လှမ်းနေကြတာပါ
ချန်ထားခဲ့တယ်ဆိုတာဟာလဲ သူပျော်ရွှင်ရာလမ်းမှာ ကိုယ်မပါရင်လဲ ဖြစ်လို့ပါ

စဥ်းစားကြည့်ပေါ့
ငါတို့ သိပ်သဘောကျတဲ့ ချစ်စရာအရုပ်ကလေး ပန်းအိုးလေး အစသဖြင့် အသေးအမွှားလေးတွေက သဘောကျ ချစ်မိပြီဆို ရချင်ကြတယ် လိုချင်ကြတယ်
ပိုင်ဆိုင်ဖို့ ကြိုးစားကြတာပဲမဟုတ်လား

မင်းက အဲဒါတွေထက်သာတဲ့ သက်ရှိအဖိုးတန်လေးပါ
သူသာတကယ်ချစ်ရင် ချန်ထားခဲ့မှာ မဟုတ်ဘူး

ဒါ့ကြောင့် ဖြည့်လဲတွေးမနေပါနဲ့
ကိုယ့်ကိုယ်လဲ ညာမနေပါနဲ့တော့
စွန့်လွှတ်သင့်တာကို စွန့်လွှတ်ပါ
လွှတ်ချသင့်တာကို လွှတ်ချပါ

ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ
ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပါ
ကိုယ့်ကိုယ်ကိုယ် ချစ်ပါ
စွန့်လွှတ်သင့်တာကို စွန့်လွှတ်ပါ
ကိုယ့်ကို မလိုအပ်သူအတွက် ကိုယ်ကလဲ ဘာများမက်မောစရာ ရှိနေလို့လဲ🍀

#zinschannel
#အတွေး #ဗဟုသုတ #motivation #knowledgesharing #crdphoto #maymikoko

image