3 w - Translate

MAI လေယာဉ်နဲ့ ခရီးသွားမယ်ဆိုရင် ဘာတွေသိထားသင့်လဲ?
🛫လေယာဉ်လက်မှက် ကို အနည်းဆုံး တစ်လလောက် ကြိုဖြတ်ရင် ပုံမှန်ဈေးနဲ့ ရပါတယ်၊လေယာဉ်လက်မှတ်ကို အနားနီးမှဖြတ်ရင် ရက်နီးလေ ဈေးကြီးလေပါ။
🛫MAI လေယာဉ်နဲ့ ခရီးသွားမယ်ဆို Kg 30 Luggage နဲ့သယ်လို့ရပါတယ်။အကယ်၍ ဒီထက်ပိုသယ်ချင်ပါက Kg တွေကို Online က လက်မှတ်ဝယ် ကတည်းက ကြိုဝယ်ထားလို့ရသလို၊လေဆိပ် မှာလည်း Kg အပိုဝယ်လို့ရတဲ့ Service Counter တွေလည်းရှိပါတယ်။

🛫လေဆိပ်ကို လေယာဉ် ထွက်မည့်အချိန် ထက် 3 နာရီကြိုပြီး ရောက်အောင် သွားပါ။

🛫လေဆိပ် ရောက်တာနဲ့ မိမိ လေယာဉ်လက်မှတ်ဖြတ်ထားသော စာရွက် (သို့မဟုတ်) Save ထားသော Soft Copy ကို MAI Ticket Counter မှာပြပြီး လေယာဉ်လက်မှတ် အသွားအတွက် ထုတ်ခဲ့ပါ၊ Luggage တစ်ခါတည်း အပ်ခဲ့ပါ။

🛫ဘန်ကောက်တို့၊စင်္ကာပူတို့ကနေ Transit နဲ့ ဂျပန်သွားမယ်ဆိုရင်တော့ လေယာဉ်လက်မှတ် နှစ်ဆင့်စာ ကို Ticket Counter မှ တစ်ခါတည်းထုတ်ပေးပါတယ်။(Airline တူရပါမယ်)

🛫လေယာဉ်လက်မှတ် Counter မှာ မထုတ်ခင် မိမိက မိမိထိုင်ချင်သောနေရာကို မပြောဘူးဆိုရင် Counter မှ ဝန်ထမ်းတွေက အဆင်ပြေတဲ့နေရာတွေကို ထိုင်ခိုင်းပါတယ်။မိမိက လေယာဉ်ပြတင်းပေါက်နားထိုင်ချင်တာတို့၊လျှောက်လမ်းနဲ့နီးတဲ့နေရာတို့ ထိုင်ချင်ပါက လက်မှတ်ထုတ်ခါနီးမှာ တစ်ခါတည်းပြောရင် မိမိထိုင်ချင်တဲ့နေရာကို ထိုင်ရပါတယ်။

📌မည်သည့်လေယာဉ်ပဲဖြစ်ဖြစ် လေယာဉ်ရဲ့ အရေးပေါ်ထွက်ပေါက် Exit နားမှာ မျက်မှန်သမားတွေမထိုင်သင့်ပါဘူး။

🛫Luggage အပ်မည့် အိတ် ထဲမှာ Laptop , Tablet , Power Bank တို့ထည့်လို့မရပါဘူး။
ထည့်ထားမိရင် လေဆိပ် လက်မှတ်ကောင်တာမှ ဝန်ထမ်းက တစ်ခါတည်း ထုတ်ခိုင်းပါတယ်။
Hand Carry အနေနဲ့ပဲ သယ်လို့ရပါတယ်။

🛫Luggage အပ်၊ လေယာဉ်လက်မှတ် ထုတ်ပြီးတာနဲ့ Immigration ဖြတ်ဖို့ တန်းစီပါ။Departure ကဒ်(ပြည်ပထွက်ခွာ) ကို တစ်ခါတည်းဖြည့်ထားပါ (ဖြည့်နည်းလည်းတင်ပေးထားပါတယ်)၊Passport နဲ့ လေယာဉ်လက်မှတ်ကို အသင့်ထုတ်ထားပါ။

🛫တာဝန်ကျ Immigration Officer ကို Passport,လေယာဉ်လက်မှတ် နဲ့ Departure ကဒ် ပေးပြီး Face Scan လုပ် လက်ဗွေနှိပ် ၊Show Money စစ်ပါက Show Money ပြပြီးတာနဲ့ Pass ဖြစ်သွားပါပြီ။

🛫Immigration Pass ဖြစ်သွားပြီဆို အပေါ်က စစ်တဲ့နေရာမှာ Body Check ပါတယ်၊ရေဗူးပါရင် ထားခဲ့ရပါတယ် ၊သယ်လို့မရပါဘူး၊မိမိကသယ်ချင်တယ်ဆို ရေတစ်ခါတည်းသွန်ပါ၊ ဗူးခွံယူလာပြီး Gate ရောက်တဲ့အခါ ရေဖြည့်သောက်လို့ရပါတယ်။

🛫Gate စဖွင့်တဲ့ အခါမှာ Business Class ကို အရင်ဝင်ခိုင်းပါတယ်၊ပြီးရင် Economy ရဲ့ နောက်ဆုံးခုံနံပတ်မှ စခေါ်ပါတယ်။

image