3 w - Translate

ကလောမှာ လူ ၁၀၀ ကျော် ရုပ်အလောင်းတွေ့၊ ၂၀၀ ကျော် ပျောက်ဆုံးနေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့ မှာ ရေကြီးပြီး မြေပြိုတာတွေကြောင့် သေဆုံးသူ အယောက် ၁၀၀ ကျော်ရှိနေပြီး လူ ၂၀၀ ကျော် ပျောက်ဆုံးနေတယ်လို့ မြေပြင်သတင်းအရင်းမြစ်တွေက ဘီဘီစီ ကို အတည်ပြုပြောပါတယ်။

“သေဆုံးသူ ၁၀၀ ကျော်ရဲ့ ရုပ်အလောင်းတွေကို ရထားပြီးပြီ။ ပျောက်နေတဲ့သူတွေကို ဆက်ရှာနေကြတယ်။ သေဆုံးတဲ့အထဲမှာ လသားအရွယ်ကလေးငယ်တွေနဲ့ အသက်ကြီးတဲ့ အဖိုးအဖွားတွေပါတယ်’’ လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူ တစ်ဦးက ဘီဘီစီ ကို ပြောပါတယ်။

ရေကြီးပြီးမြေပြိုတဲ့ ဒဏ်ကို ရပ်ကွက် (၂)၊ (၃) နဲ့ (၄) နေရာတွေမှာ ဆိုးဆိုးဝါးဝါး ခံစားခဲ့ရတာ ဖြစ်ပြီး တောင်အောက်တွေမှာ နေတဲ့သူတွေရဲ့ အိမ်တွေပေါ်ကို မြေကြီးတွေပိပြီး သေဆုံးခဲ့ရတာ တွေလည်း ရှိတယ်လို့ ပြောပါတယ်။

လက်ရှိအချိန်မှာ ကလောမြို့ပေါ်မှာ ရေပြန်ကျသွားပြီး မြို့ပေါ်ကလမ်းတွေ ရှင်းတာတွေ၊ မြေကြီးထဲ မြုပ်နေတဲ့ ကားတွေပြန်ဖော်တာတွေ လုပ်နေတယ်လို့လည်း ကလောမြို့ခံတွေက ပြောပါတယ်

image