3 w - Translate

အချစ်ဆိုတာ " အပစ်အနာဆာ ရှိတိုင်း
စွန့်ပစ်စရာမှ မဟုတ်တာ " တဲ့ ၊

လွယ်လွယ်လေး မချစ်တတ်တဲ့ ကိုယ်က
ချစ်မိပြီဆိုရင်လည်း သူမှသူ တစ်ယောက်တည်းပါပဲ

စွန့်ပစ်ချင်စရာ တစ်ခုတွေ့လာတိုင်း
ချစ်စရာတစ်ခုရှာပြီး ထပ်ချစ်တယ်
နာကျင်စရာတစ်ခု သူ့ဘက်ကလုပ်လာတိုင်း
ကောင်းကွက်လေးတစ်ခု ရှာပြီးကို ထပ်ချစ်တယ်

သူတစ်ယောက်တည်းကိုပဲ ထပ်တလဲလဲ
ရွေးချယ်တယ် ။
ဘယ်တော့မှ လက်မလျှော့ပါဘူးဆိုတဲ့ အသိမျိုး
သူ့အတွက်ပေးထားတယ်။

ဒါ့ကြောင့် ချစ်ခြင်းမေတ္တာနဲ့ပတ်သက်လာရင်
ကိုယ့်လိုလူမျိုးကိုပဲ ပြန်ရချင်ပါတယ် ။

Hᴀᴘᴘʏ ᴏʀ Sᴀᴅ
Bʏ Aɴɢᴇʟ 🌻🤍

image