3 w - Translate

စကားမပြောဘဲ နေနိုင်သွားတဲ့ တစ်နေ့ ။
ဖုန်း မပြောဘဲ နေနိုင်သွားတဲ့ တစ်နေ့ ။
စာ မပို့ဘဲ နေနိုင်သွားတဲ့ တစ်နေ့ ။

မင်းကို မလွမ်းတဲ့ တစ်နေ့ ။
မင်းကို သတိမရတဲ့ တစ်နေ့ ။
မင်းကို ဥပေက္ခာထားနိုင်သွားတဲ့ တစ်နေ့ ။

နောက်ဆုံး
မင်းဆိုတာ ငါ့ဘဝထဲ မရှိလည်းဖြစ်တယ်
ဆိုတဲ့တစ်နေ့

အဲ့ဒီ နေ့ရောက်လာတဲ့အခါ
မင်းဆိုတာလည်း ငါ့အတွက် ဘာမှ
မဟုတ်တော့ဘူး ။

ဒါကြောင့်

ကိုယ့်ဘက်က အရေးတယူ
ချစ်ပေးနေတုန်းမှာ သိပ်ပြီး အနိုင်မယူပါနဲ့
သိပ်ပြီးလည်း ပစ်မထားပါနဲ့ အချစ်ရဲ့

ခင်ဗျားပစ်ထားသလို နေနိုင်သွားမှ
ကိုယ့်ကို ပြောင်းလဲသွားလေချင်းလို့
အပြစ်မဖွဲ့ စေချင်ဘူး ။

#ဧပရယ်မိုးသူ { Age }

image