3 w - Translate

၂၀၂၄ သြဂုတ်လရဲ့ ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမား ဟာလန်း
--------------------------------

ပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးအသင်းရဲ့နော်ဝေလက်ရွေးစင်တိုက်စစ်မှူးအဲလင်းဟာလန်းဟာ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ပထမဆုံးလဖြစ်တဲ့ သြဂုတ်လအတွက် ချီးမြှင့်တဲ့ ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆု(Premier League Player of the Month)ကို ဆွတ်ခူးခဲ့ပါတယ်။

ဟာလန်းဟာ ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုကို တတိယအကြိမ်ဆွတ်ခူးရရှိတာဖြစ်ပြီး ၂၀၂၂ သြဂုတ်လနဲ့ ၂၀၂၃ ဧပြီလတွေအတွက် ချီးမြှင့်တဲ့ဆုတွေကို ရယူခဲ့ဖူးပါတယ်။

မန်စီးတီးအသင်းအနေနဲ့ ပရီးမီးယားလိဂ်မှာ ချန်ပီယံဆု(၄)ကြိမ်ဆက်ရယူထားပေမယ့် မန်စီးတီးကစားသမားတွေအနေနဲ့ Premier League Player of the Month ဆုနဲ့ ကံမပါဘဲ ၂၀၂၂-၂၃ ရာသီကစပြီး ဒီဆုကို ရယူထားနိုင်တဲ့ မန်စီးတီးကစားသမားက ဟာလန်း(၃ ကြိမ်)ပဲ ရှိပါတယ်။

ဟာလန်းဟာ ၂၀၂၄ သြဂုတ်လအတွင်းမှာ မန်စီးတီးအသင်းအတွက် ခြေစွမ်းပြကစားပြီး ဟက်ထရစ်နှစ်ကြိမ်သွင်းယူခဲ့ကာ စုစုပေါင်း(၇)ဂိုး သွင်းယူခဲ့ပါတယ်။

image