3 w - Translate

အမှတ်ရနေဦးမယ့် ..မယ်ဒလင် လက်သံ

စာရေးသူငယ်စဉ်က လက်ဖက်ရည်ဆိုင်မှာ နေ့တိုင်းနီးပါး အချိန်ကုန်ဆုံးလေ့ရှိတယ်။ဆိုင်ထိုင်တဲ့အခါ အချိန်ကုန်မှန်းမသိတဲ့ ခံစားမှုနဲ့

ညနေခင်းဆိုင်ထိုင်တဲ့အခါ မယ်ဒလင်တီးလေ့ရှိတဲ့ ဦးမြရဲ့ လက်သံတွေကြောင့်ပေါ့။

ဦးမြက ငယ်ငယ်ထဲ က မယ်ဒလင်ကို ကြိုက်နှစ်သက်လွန်းလို့ တီးရာကနေအခုဆို

အရွယ်နှောင်းလို့ ဇရာတွေထောင်းတဲ့ အထိလဲ မယ်ဒလင်လေးတလက်နဲ့ပဲ အဖော်ပြုနေရှာတယ်။

သူတီးလေ့ရှိတဲ့ စာရေးသူအမှတ်ရနေတဲ့ "ချစ်ပြုံးနှင်းဆီ"သီချင်းဆိုရင်တော့ အမြဲနားရည်ဝပြီး အလွတ်တောင်ရနေခဲ့ပါတယ်။

မိမိတို့ အဖွဲ့လဲ လက်ဖက်ရည်ဆိုင်မှာ

ဦးမြရဲ့မယ်ဒလင်လက်သံကို နားထောင်ရင်း လိုက်ညည်းရင်းနဲ့ ပဲ လူငယ်ဘဝအမှတ်တရ

အချိန်တွေ ကုန်မှန်းမသိကုန်စေခဲ့တယ်လေ။

ဦးမြကတော့ ကိုဗစ်ရောဂါဆိုးကြီးကြောင့် ဆုံးပါးခဲ့ပေမယ့် လမ်းထိပ်ဆိုင်ရောက်လျှင် ပြောစမတ်ဖြစ်လောက်စရာလွမ်းမောစရာ အခုချိန်ထိချိတ်ဆွဲထားတဲ့ မယ်ဒလင်လေးကို မြင်တွေ့နေရတုန်းပဲ ဖြစ်ပါတယ်။

ယခု စာတွင် စာရေးသူ ရဲ့ မယ်ဒလင်နဲ့အမှတ်တရ ငယ်ဘဝကို ရေးသားခြင်းဖြစ်ပြီး မယ်ဒလင်အကြောင်းဖော်ပြချက်ကို ဗဟုသုတ အလို့ငှာ အောက်ပါလင့် https://shorturl.at/tjOhS တွင် ဖတ်ရှုနိုင်ပါတယ်။

မယ်ဒလင်ကို တွေ့တိုင်း ဦးမြကို လွမ်းမိသလို စာရေးသူရင်ထဲကနေ တစုံတယောက်အတွက် တီးခတ်နေတဲ့ စာသားထဲက..အတိုင်း ..

"နေ့စဉ်စောင့်ပါလို့ရယ် .... နေပေမယ့်ကွယ်..

ပွင့်နိုင်ခဲပါဘိတယ်... သန္တာလဲ့ရယ် ...

ဘယ်အခါချစ်ပြုံးမာလာကိုကွယ် ...

ခူးဆွတ်လို့ဘုန်း မောင်နမ်းသာမယ်" ...

#myspaceadmin

#frankiestories

image