ငါရှိတယ်လေ ဆိုတဲ့ စကားလေးက တကယ်
အားဖြစ်စေတယ်။

အဲ့လိုပြောပေးတဲ့ လူတွေကိုလည်း ချစ်တယ်။
ကိုယ်စိတ်ညစ်လာရင် ပြောပြဖို့..
ဘာပဲဖြစ်ဖြစ်တိုင်ပင်ဖို့ ငါအမြဲရှိတယ်ဆိုတဲ့လူ..။

တစ်ခါတလေ အပြောဆိုတွေကြမ်းနေပေမယ့်
စိတ်ရင်းမှာတော့ တကယ်ကိုဖြူစင်တဲ့လူတွေ..
အခက်ခဲရှိလာတိုင်း အားကိုးလို့ရတဲ့သူတွေပေါ့။

ကိုယ်အရမ်း ပင်ပန်နေတဲ့အခါ နာကျင်နေတဲ့အခါ
တစ်လောကလုံး မုန်းနေတဲ့အခါမျိုးမှာတောင်
အဆင်ပြေရဲ့လား ဘာမှမပူနဲ့ တစ်ခုခုပြောချင်ရင်
ငါ့ကိုပြော ငါရှိတယ် ဆိုပြီး ဂရုတစိုက်မေးတဲ့လူမျိုး..။

သူငယ်ချင်းပဲဖြစ်ဖြစ် ချစ်သူပဲဖြစ်ဖြစ် ဘယ်လိုပတ်သက်မှုမျိုးမှာပဲဖြစ်ဖြစ် ကိုယ့်အတွက် ရပ်တည်ပေးမယ့်သူ..။ သူက ဘာကောင်ကြီးမှ မဟုတ်ရင်နေပါစေ...
နှလုံးအိမ်ထဲထိနွေးစေလောက်အောင် လုံခြုံသွားစေတဲ့ အသံမျိုးပေါ့...။

တကယ်ပါ.. ကိုယ် အရမ်းခက်ခဲနေတဲ့အချိန် ဘာမှမကူညီနိုင်ရင်တောင် ရင်ဘတ်နဲ့နားထောင်ပေးမယ့် နားတစ်စုံအဖြစ် ရှိနေပေးရင်ပဲ ကျေနပ်ပါပြီ.. ။

ကိုယ်ခက်ခဲတိုင်း ရှိပေးနေတဲ့သူ... ဘာပဲပြောပြော
မငြီးမငြူ နာထောင်ပေးနိုင်တဲ့သူ အဲ့လိုလူ တစ်ယောက် ကိုယ့်မှာရှိနေခဲ့ရင် တန်ဖိုးထားပါ။

ဘာကြောင့်ဖြစ်ဖြစ် ..လက်လွတ်မခံပါနဲ့။

ကိုယ်ခက်ခဲနေတဲ့ အချိန်တွေကပဲ....
တကယ် တန်ဖိုးထားသင့် ချစ်သင့်တဲ့သူ... ဘာမှမလိုဘူး ရင်ဘတ်ကြီးနဲ့ပေါင်းတာပါ ဆိုတဲ့သူကို ရှာတွေ့စေလိမ့်မယ်။

အမြဲ အဲ့လိုရှိနေပေးတဲ့ သူတွေကိုလည်း ကိုယ့်တစ်ဘဝလုံး အမှတ်ရနေမှာသေချာပါတယ်။
အမှတ်ရတိုင်း သူ့နာမည်လေးကို ရေရွတ်ရင်း
လှိုက်လှိုက်လှဲလှဲနဲ့ကို စိတ်ရင်းနဲ့ကျေးဇူးတင်နေမိမှာ..။

လိုအပ်တဲ့အချိန်တိုင်း အမြဲအဆင်သင့်ရှိနေပေးလို့လည်း ကျေးဇူးပါပဲ...။

.#credit

image