3 w - Translate

တစ်ဘဝ တစ်ခါ

တစ်သ-က်မှာတစ်ခါပဲရတဲ့အခွင့်အရေးနဲ့
မင်းကို ငါချစ်တယ်
ဒါဟာဝဋ်ကြွေးတစ်ခုဆိုရင်
အဲ့ဒီဝဋ်ကြွေးကို ငါကျေနပ်တယ်။
ဘယ်နတ်ဘုရားကပဲ စေခိုင်းပါစေ
ဘဝမှာတစ်ခါပဲရွေးချယ်ခွင့်ရှိရင်တောင်
မင်းရှိရာအရပ်ကို ငါရွေးမယ်။
ငါ့ရဲ့ရွေးချယ်မှု လွဲမှားခဲ့ရင်
ကမ္ဘာကြီးက ပြောင်းလဲခဲ့ရင်
မေတ္တာတရားက ကျောသား၊ ရင်သားခွဲခြားခဲ့ရင်
ငါတို့ဟာ မဆုံနိုင်တဲ့မျဉ်းဖြောင့်နှစ်ကြောင်းဖြစ်ခဲ့ရင်
နောင်တမရှိဘဲ ငါရှင်သန်နိုင်တယ်။
မင်းရဲ့ အမည်နာမက
ငါ့ရဲ့နေ့စဉ်သုံးဘာသာစကား
မျှော်လင့်မထားဘဲ သတိရတတ်သွားတာ
ငါ့ရဲ့ အမူအကျင့်
နတ်ပြည်နဲ့ ငရဲ
ဘယ်အရာကိုရွေးမလဲလို့မေးခဲ့ရင်
မင်းဘယ်မှာရှိမလဲလို့ ငါအရင်မေးမယ်။
ဘဝမှာတစ်ခါပဲ ချစ်ခွင့်ရမယ်ဆို
တစ်သ-က်မှာတစ်ယောက်ပဲ ချစ်ခဲ့ရမယ်ဆို
ကမ္ဘာကြီးက ပြောင်းလဲခဲ့မယ်ဆို
မင်းကိုချစ်တဲ့စိတ်က
ဘယ်အခါမှ မပြောင်းလဲပါဘူး။

#အကြည်တော်
#အလွမ်း
#phwaybookshop

imageimage