3 w - Translate

ကြက်ဆီထမင်း လုပ်နည်းလေး ....🫕🫕

အိမ်မှာထမင်းပေါင်းအိုးနဲ့ ကြက်ဆီထမင်း ချက်စားကြလို့ရပါတယ် 🍗🍚

ကြက်သားပေါင်သား ရင်အုပ် ကြိုက်ရာ အပိုင်းလေးတွေ ဆားလေးလူး နယ်နှပ်ထား ... 🍗🍗

ဂျင်း ကြက်သွန်ဖြူ နံနံပင်အမြစ် တို့ကို သေချာ ထုထောင်းထားပြီး ကြက်သားနဲ့ အတူ ရောနယ်ပြီး ပေါင်းအိုး ထဲ ထည့် .... 🧄 🍀 🫚
ဆားအနည်းငယ်ထည့် .... 🧂
ရေမြုပ်အောင် ရေများများထည့်ပြီး မိနစ် ၄၀ ပြုတ်ပေး ပေါင်းပေး ရတယ် ... ကြက်သားတွေ နူးနေပြီဆို ဆယ်ပြီး ကြက်စွပ်ပြုတ် အရည်ကို ပန်းကန်လုံးတခုထဲ ထည့် ... ကြက်သားတွေကို တပန်းကန် သက်သက်ထည့်ပြီး ညီညီစီစီလေး တုံး ထားကြမယ် ...🥘🥘🥘

ကြက်စွပ်ပြုတ် အရည်ကို ဟင်းရည်လဲ လုပ်ချင်တာမို့ ပန်းကန်လုံး ၂ လုံးစာလောက်ဖယ်ထားပြီး (( ကြက်အဆီနှစ်အရည်တွေမို့ )) ရေရော ဆားထည့်ပြီး ဟင်းချို အဖြစ် ပြန်တည် ထားရတယ် 🫕🫕🫕

ဆန် ၃ ဗူး ဆေးပြီး အိုးထဲထည့် ... 🍚🍚🍚
ဆန် ၃ ဗူးဆို ကြက်စွပ်ပြုတ် အရည်ကို ၆ ဗူး ထည့်ရတယ် .... (( ဆန် ၂ ဗူးချက်ရင် ကြက်စွပ်ပြုတ်ရည် ၄ ဗူး ထည့်ပါ )) အဓိက အပေါ်က ဝေ့နေတဲ့ အဆီတွေ ခပ်ပြီးထည့်ပေးကြရတယ် ... တကယ်လို့ စွပ်ပြုတ်အရည် ၆ ဗူးထည့်ရတာမှာ နဲနဲ လိုရင် ရေထည့်ရောလို့ရတယ် ... ဟင်းရည်အတွက်လဲ ဖယ်ရသေးတာ
ထောပတ်တဇွန်း ထည့်ပါ 🧀
ဆားပိစိထည့်ပါ 🧂
...
ထမင်းအိုး တည်ထားပြီး ကျက်ပြီဆို အပေါ်အောက် လှန်သေချာမွှေပေးကြမယ် ...

အဲ့မှာ ခုန ဖယ်ထားတဲ့ စွပ်ပြုတ်အရည်ကို ရေ တဆ နဲ့ရော အပေါ့ငံ ဆား ထည့်ပြီး ... ပွက်ပွက်ဆူပြီဆို ပန်းကန်လုံးထဲ ခပ် ထည့် ကြက်သွန်မိတ်နဲ့ ငြုပ်ကောင်းလေးခတ် လိုက်တာနဲ့ သင်းပျံ့မွှေးတဲ့ ဟင်းရည်လေး တခွက်ရပြီ 🥣🥣

ကြက်ဆီထမင်းမှာ အဓိက ကျတာ ငြုပ်ဆီ လဲပါတာမို့ အရမ်းလိုက်ဖက်စားကောင်းမဲ့ ငြုပ်ဆီ ကိုယ်တိုင်ဖျော်နည်းလေးပါ လုပ်ပြထားတယ် ...

ကြက်သွန်ဖြူ 🧄ငြုပ်သီးနီတောင့် 🌶️🌶️သံပုရာသီး 🍋 သကြား 🥡ပုစွန် ငံပြာရည် 🍶နံနံပင် 🍀🍀တို့ ပါဝင်တယ်

ကြက်သွန်ဖြူနဲ့ ငြုပ်သီးထောင်းတာ ညက်ရင် သကြားထည့် ... ပုစွန် ငံပြာရည် ၂ ဇွန်းထည့် ... သံပုရာသီး ညှစ်ထည့် ... နံနံပင် နုပ်နုပ်လေးစင်းအုပ် ... ချဉ်ငံစပ် ရှုးရှဲ အချဉ် ရှယ်တခွက်ရပါပြီ 🤗🤗 🍛🍛

ကြက်ဆီထမင်း ပြင်တော့မယ်ဆို ချက်ထားတဲ့ ကြက်ဆီထမင်းကို ပုဂံလုံးလုံးလေးနဲ့ထည့်သိပ်ပြီး ပန်းကန်ပြားပေါ် အုပ်ချ 🍚🍚 ... နံဘေးမှာ သခွားသီး 🥒 နံနံပင် 🧂🍀 တို့ ဝန်းရံပြီး ကြက်သားပြုတ် 🍗 ခုတ်စင်းထားတာကို ထမင်းပေါ်တင် .... အဲ့အပေါ်ကနေ ပဲငံပြာရည် လေး အနည်းငယ်ဆမ်းလိုက် ပြီးရင် ... နံဘေးမှာ ကြက်စွပ်ပြုတ်ဟင်းချို နဲ့ အချဉ်မိုက်မိုက်လေး ... ဒါဆို အရမ်းစားကောင်းတဲ့ ကြက်ဆီ ထမင်း တပွဲရပါပြီ ... 🍛🍛😋😋

🤗🤗🍗🍗🍚🍚

image