3 w - Translate

ဆေးဘဲဥ ကြက်သားဆန်ပြုတ်

1.ဆန်နို့ဆီဗူး တစ်လုံး
2. ကြက်ပြုတ်ရည် 2လီတာခွဲ
3. ကြက်ရင်အုံသား 300ဂရမ်
(အသားများကိုနွင်ထားပါ)
4.ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ဇွန်း
5.နုတ်နုတ်စဉ်းထားသောဂျင်း
လက်ဖက်ရည်ဇွန်း ၂ ဇွန်း
6. ဆေးကြက်ဥ ၂လုံး (ပါးပါးလှီးထားပါ )
7. ကြက်သွန်မြိတ် ၂ ပင်(ပါးပါးလှီးထားပါ)
8. နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
9. ဆားအနည်းငယ်

ပြုလုပ်နည်း

ဆန်ကို ရေစင်ကြယ်စွာဆေး၍ အိုး
အကြီးတစ်လုံးထဲသို့ထည့်ပါ
ကြက်ပြုတ်ရည်နှင့် ရေနှစ်လီတာတို့ကို ထည့်ကာ ဆူပွက်အောင်တည်ထားလိုက်ပါ။
ဆူပွက်ပါက ကြက်သား၊ဟင်းချက်ဝိုင်၊ဂျင်းတို့ကိုထည့်ပြီး ၁၅ မိနစ်ခန့် ထပ်တည်ပါ။
ကြက်သားနူးညံ့ပြီး အိသွားပါက ဆေးကြက်ဥ၊
ကြက်သွန်မြိတ်၊ဆား တို့ကို ထည့်ကာ
သမအောင် မွှေပေးလိုက်ပါ
အရသာအပေါ့အငန် မြည်းကြည့်ပြီးနောက်
အရသာကောင်းမွန်တဲ့ ဆေးကြက်ဥ
ကြက်သားဆန်ပြုတ်လေး ရရှိပါပြီနော်

Credit See less

image