3 w - Translate

ငါးဆန်ပြုပ်

ငါးဆန်ပြုပ် ဆိုယင် ကျနော်ကတော့ ငါးမုတ် အဖြူနဲ့ ကြိုက်ပါတယ်

ငါးမုတ် အဖြူ က အသား နုညံ့ပြီး အလွန် ချိူတဲ့ အတွက် ဆန်ပြုပ်ကို အရသာ ပို ကောင်းစေပါတယ်

တကယ်လို့ ငါးမုတ် အဖြူ မရှိယင် ငါးရံ့ အသားလွှာကို သုံးပါ

ငါးမုတ်/ငါးရံ့ကို အသားလွာထားပါ

ချင်းနုနု ကို အမျှင် လှီးထားပါ

ဆား

ငရုပ်ကောင်းမုန့် အဖြူ

အရသာမူန့်

plain ဆန်ပြုပ် တပွဲစာ ကို အိုး အသေး တလုံးမှာ ထည့်ပြီး ဆူအောင် တည်ပါ

ဆူရင် ငါးနဲ့ ချင်းထည့်ပါ

ဆား .ငရုပ်ကောင်းထည့်ပြီး တည် ထားပါ.ကြိုက်နှစ်သက်ပါက အရာသာမူန့်ထည့်ပါ

ငါးကျက်ယင် အဆင်သင့် ဖြစ်ပါပြီ

ကျနော်ကတော့ နံနံပင် ထည့်ပြီး စားရတာ ကို ကြိုက်ပါတယ်.
Credit MyintOoTha See less

image