3 w - Translate

ထမင်းပူပူလေးနဲ့အရမ်းကောင်းတဲ့ ယိုးဒယားကြက်သားဟင်း
ထိုင်းလို(แกงไก่ไส่ใบยี่หร่าพริกไต้)လို့ခေါ်ပါတယ်
မြန်မာလိုမခေါ်တတ်ပါရှင့် အရမ်းမွှေးအရမ်းကောင်းအရမ်းကြိုက်
ငရုတ်ထောင်းဖို့လိုအပ်တာတွေက👇👇👇
1 ငရုတ်သီး‌ခြောက်အပွတောင့်
2 စပါးလင်
3 ပတဲကော
4 ဆနွင်းဉအစိမ်း
5 ကြက်သွန်ဖြူ
6 ကြက်သွန်နီ
7 ငပိ
8 ငရုတ်ကောင်းမူန့်
9 ဆား တို့ဖြစ်ပါတယ် 1ကနေ7ထိဆတူ 8နဲ့9က အပေါ်ကနံပါတ်တွေရဲ့ 3ပုံ1ပုံပဲထည့်ပါ
1ကနေ‌6အထိညက်အောင်ထောင်း ညက်ရင်8နဲ့9ကိုထည့်ထောင်း
နောက်ဆုံးမှ7ကိုထည့်‌ထောင်းပါ ဗူးသန့်သန့်မှာထည့် အအေးခန်းမှာသိမ်း လိုအပ်ချိန်ထုတ်သုံးပါ
ချက်နည်း👇👇👇
ဒယ်အိုးကိုအပူပေး ဆီအနေတော်သတ်ပါ ငရုတ်ထောင်းထည့်ပါနဲနဲ‌ခြောက်လာရင် ရေနဲနဲထည့်ပြီးခပ်ပျစ်ပျစ်ဖြစ်လာရင်အနေတော်တုံးထားတဲ့ ကြက်သားထည့်ပါ ကြက်သားတင်းလာပြီး ငရုတ်သီးနဲ့သမသွားရင်
ငံပြာရည် သကြားသင့်ရုံ ကြက်သားမူန့်အနဲငယ် ငပိနဲနဲလေးထည့်ပါ ရေအနဲငယ်ထည့်ပါ cpကြက်ကရေထွက်တတ်ပါတယ် ဗွင်းဗွင်းဆူပြီး ရေခပ်ပျစ်ပျစ်နဲ့အသားလည်းကျက်ရင် ယိလာရွက် ထည့်မွှေ မီးမပိတ်ခင်လေး ရှောက်နူရွက်လေးအုပ် မီးပိတ် ရပါပြီရှင်

image