3 w - Translate

#ရေကြီးရေတက်လာချိန်မှာ ပြည်သူတွေ မှားယွင်းလုပ်မိ

နေကြတဲ့အရာတစ်ခု သတိပေးပြောပြပေးချင်ပါတယ်။

အဲ့ဒါက အိမ်ထုတ်တန်းတွေ အပေါ်မှာ တက်နေကြတာပါပဲ။တက်နေလို့ မရဘူးလားဆိုတော့ ရပါတယ်။

တက်နေမယ်ဆိုရင် ရေအရမ်းတက်လာချိန်မှာ
ထွတ်ပေါက်မရှိဘဲ ပိတ်မိနိင်တဲ့အတွက်
အသက်တွေ ဆုံးရှုံးရနိင်ပါတယ်

ဒါကြောင့်ရေတက်လာချိန် အိမ်အပေါ်ဆုံးထပ်ကို
တက်နေကြမဲ့သူတွေ ဒီအချက်ကလေးတွေကို
သတိထားပေးစေချင်ပါတယ်

- အိမ်ခေါင်မိုးကို အရေးပေါ်ထွတ်ပေါက်အနေနဲ့
ဖွင့်ထားရပါမယ် (သွပ် ၂ ချပ် ၃ ချက်လောက်
လှန်ထားသင့်ပါတယ်)

- အ၀တ်အစားကို ချွတ်ရ၀တ်ရလွယ်တာမျိုး
၀တ်စားထားဖို့လိုပါတယ် (ရေကူးရချိန်မှာ အ၀တ်တွေက
လူကို ပိုလေးစေလို့ ပေါ့ပါးချွတ်ရလွယ်တဲ့
အ၀တ်အစားတွေ ၀တ်ထားသင့်ပါတယ်)

- အရေးကြီးစာရွက်စာတမ်းတွေ၊ဖုန်း၊ပါဝါဘန့်
စတာတွေကို ရေလုံအောင် ထုတ်ပိုးပြီး ပေါ့"ပါး"ပုံစံနဲ့
ကိုယ်နဲ့မကွာအောင် ဆောင်ထားဖို့လိုပါမယ်

- ကိုယ့်အိမ်ပတ်၀န်းကျင်ရဲ့ရေအတက်အကျကို
အချိန်ပြည့်စောင့်ကြည့်ဖို့ လိုပါမယ်(မြစ်ချောင်း၊
အင်းအိုင်နီးရင် ပိုပြီးသတိထားစောင့်ကြည့်ဖို့လိုပါမယ်)

- အကောင်းဆုံးကတော့ အိမ်ခြံထဲ (သို့)
လမ်းမပေါ် ရေတိုးလာတာနဲ့ ခေါင်းမမာဘဲ
ကုန်းမြင့် (သို့) ရေလွတ်ရာကိုကြိုတင်ရှောင်ရှားကြဖို့ပါပဲ

image