3 w - Translate

အသက်ရလာလေလေ တိတ်ဆိတ်လာလေလေပဲ ။
ပြောစရာ စကားတွေထက် တွေးစရာအတွေးတွေပဲ
များနေခဲ့တော့တာ ။
ရယ်မောပျော်ပါးကြဖို့ထက် ငြိမ်သက်တိတ်ဆိတ်ဖို့ကိုပဲ
ရှာဖွေမိလာတယ် ။

စကားတွေ နည်းလာတယ်
အပေါင်းသင်းတွေ ရှားလာတယ်
ခံစားချက်တွေ အစွန်းမရောက်တော့ဘူး
ဆူညံသံတွေ မကြားချင်တော့ဘူး

လူသစ်တွေ ထပ်မရှာတော့ပဲ လူဟောင်းတွေကြား
ထပ်တလဲလဲ ပြန်ရောက်နေခဲ့တယ် ။
ခရီးဆုံးထိသွားကြမဲ့ ဆက်ဆံရေးမျိုးတွေထပ်မရှိချင်တော့ပဲ
သဘောကျရုံ ၊ ခင်မင်ကြရုံ အဆင့်ကနေပဲ ရပ်ပစ်မိတယ် ။
ငယ်ရွယ်တုန်းက Sensitive ဖြစ်ခဲ့တဲ့ ခံစားချက်တွေက
မထူးဆန်းတော့သလို နေသားကျလာခဲ့တယ် ။

ဘာကြောင့်လဲ ရင့်ကျက်လာလို့လား
တာဝန်တွေ များလာလို့လား
ပူပန်စရာတွေကြောင့်လား
စိတ်အားထက်သန်မှုတွေ ကုန်ဆုံးသွားတာလား
လုံလုံလောက်လောက် ပင်းပန်းခဲ့ရတာကြောင့်လား

သေချာတာကတော့ အရင်တုန်းကလို
ပေါ့ပေါ့ပါးပါး ခံစားချက်တွေ မရှိတော့ဘူး

ဘယ်မှာပိတ်မိလို့ ပိတ်မိနေမှန်းကို အဖြေရှာမရတဲ့
ခံစားချက်တွေနဲ့ .
သိပ်မရယ်ရတော့ဘူး သိပ်မပျော်ရတော့ဘူး ။
ဘာဖြစ်နေလဲမေးရင် ဘာမှမဖြစ်ဘူး ။

ဒီတိုင်း အရွယ်ရောက်လာတာလို့ ဖြေရမလား
ရင့်ကျက်လာတယ်လို့ ဖြေရမလား
ငါတအား ပင်ပန်းနေတာလို့ ဖြေရမလား

အဖြေတွေ ရှာမရမဲ့အဆုံး ကိုယ့်အတွေးနဲ့ကိုယ်
တိတ်ဆိတ်နေခဲ့တော့တယ် ။

#zaap

image