3 w - Translate

ဆက်ဆံရေးတစ်ခုကို
ရေရှည်မြဲချင်ရင်
များများချစ်ပြီး
နည်းနည်းပဲ ဝေဖန်ပါ

တစ်ယောက်နဲ့ တစ်ယောက်
အပြန်အလှန်ပံ့ပိုးပေးပါ
နားလည်ပေးပါ အားပေးပါ
အချင်းချင်းကြားမှာ သစ္စာရှိပါ
မလိမ်မညာပါနဲ့
အပြန်အလှန်လေးစားပါ

တစ်ဖက်ကလည်း
များများချစ်ပေးတဲ့အခါ
တန်ဖိုးထားလို့ ချစ်ပေးတာကို
အနိုင်မယူတတ်ဖို့ အသိစိတ်လေ
ရှိဖို့လိုပါတယ်
ဒါမှ healthy relationship ဖြစ်မှာပါ

နားလည်မှုပေးတဲ့အခါလည်း
တစ်ဖက်လည်း စိတ်မယိုင်သွားဖို့လိုတယ်
လူ့သဘာဝက နားလည်ပေးမှုများတဲ့အခါ
တစ်ခြားဘက်က ချစ်စိတ်နည်းပြီး
စိတ်ယိုင်သွားပြီး သွေးအေးအေးနဲ့
လမ်းခွဲသွားတာများကြတယ်

Healthy relationship ဖြစ်ဖို့
နှစ်ဦးနှစ်ဖက်က မျှမျှတတဖြစ်ဖို့လိုတယ်
အချင်းချင်း ကိုယ်ချင်းစာတတ်ဖို့
အချင်းချင်း ပံ့ပိုးပေးဖို့လိုပါတယ်
အခုခေတ်က ကိုယ်ချင်းစာတတ်ဖို့က
အရမ်းရှားတဲ့ခေတ်ဖြစ်သွားပြီး
အဲထဲက ကိုယ်မပါဖို့ပဲလိုပါတယ်။

#nangmyasein

image