3 w - Translate

ငါးခူငရုတ်သီးစိမ်းမကျီးရွက်နုဆီပြန်ချက်
===================
ငါးခူဆိုတဲ့အမျိုးကလည်းပြီးစလွယ်ချက်ရင် အင်မတန်ညှီလေတဲ့အမျိုးဆိုတော့ မညှီအောင် သံပုရာရည် ဆား ဆနွင်းတို့နဲ့နယ် ရေအထပ်ထပ်ဆေးပြီး ငံပြာရည် ဆနွင်း ဟင်းခပ်မူန့် စို့ပုန်လို့ ခရုဆီနဲနဲထည့်ပြီး နှစ်နာရီလောက်နှပ်...
ငရုတ်သီးစိမ်း ဂျင်းကြက်သွန်ဖြူနီ ငပိနဲနဲထည့်ထောင်း ဆီအနေတေည်လေးသတ် ဆနွင်းမူန့်နဲနဲပြန်ထည့် ငရုတ်ထောင်းထည့် မွှေးလာရင် ငါးထည့် နှံ့အောင်အသာလေးတစ်ချက်မွှေ ငါးအရောင်ပြောင်းပြီးဆီနဲနဲပြန်ရင် ရေအနဲငယ်ထည့် ဆူရင် မကျီးရွက်နုထည့် စပါးလင် နှစ်ချောင်းလောက်ထုထည့် ရေခမ်းဖို့နီးလာရင် ငရုတ်သီးစိမ်းအတောင့်နဲနဲညှပ်ထည့် ရှမ်းနံနံ နံနံပင်တို့အုပ် ဆီပြန်ရင်ရပါပြီ...
ဆီပြန်ချက်ရင်အရည်ဆမ်းစားရတာထက် ဆီပြန်အနှစ်လေးနဲ့နယ်စားရတာ ပိုကြိုက်တယါ

image