3 w - Translate

ရေဖောက်ချတယ်ဆိုတာ မဟုတ်ပါ
========================

ရေလှောင်တမံများဟာတကယ်တော့ ရေလွှမ်းမိုးမှုသက်သာအောင် လုပ်ဆောင်ပေးတဲ့ အရာများသာဖြစ်ပါတယ်၊ မိုးကောင်းလို့ရေအ၀င်များလာတဲ့အခါ မြစ်ချောင်းနဲ့နီးတဲ့ လူနေအဆောက်အဦတွေဆီကို ရေဂါလန်သန်းချီချက်ချင်းမရောက်အောင်တားဆီးထားပေးတာဖြစ်ပါတယ်။

ရေလှောင်တမံတစ်ခုတည်ဆောက်ရင် ရေဘယ်လောက်ဆန့်မယ်ဆိုတာကို အင်ဂျင်နီယာနည်းပညာအရတွက်ချက်ပြီး ပိုလျံတဲ့ရေတွေကိုတော့ ချောင်းတစ်လျောက်ပြန်လည်စီးဆင်းနိုင်ဘို့ ရေပိုလွှဲ (Spillway)တွေကိုထည့်သွင်းတည်ဆောက်ထားကြပါတယ်။

တကယ်တော့ မိုးရေချိန် မတန်တဆရွာသွန်းတဲ့အခါမှာ ရေလှောင်နိုင်မှုပမာဏထက်ကျော်လွန်တဲ့ရေတွေက ထုထည်ကြီးစွာ ရေပိုလွှဲတွေကနေ ကျော်ထွက်သွားပါတယ်။

ဒါဆို ဘာလို့တမံတွေဆောက်နေမှာလဲလို့မေးစရာရှိပါတယ်၊ လျပ်စစ်ထုတ်ဘို့ စိုက်ပျိုးရေရရှိဘို့ သောက်သုံးရေရရှိဘို့အပြင် ရေကြီးရေလျံခြင်းမှ လျော့နည်းသက်သာစေရေးဆိုတဲ့အချက်တစ်ချက်ပါဝင်ပါတယ်။ ရေလှောင်တမံတွေသာရေမထိမ်းထားရင် အခုဖြစ်နေတာထက်အဆပေါင်းများစွာ ဆိုးဆိုးရွားရွား ခံစားရမှာဖြစ်ပါတယ်။

ရေဖောက်ချတယ်ဆိုတဲ့စကားရပ်ကို ရေအင်ဂျင်နီယာတွေ အမုန်းဆုံးပါဘဲ။ တမံတွေကနေ ဝင်လာသမျှပိုလျံတဲ့ရေတွေကတော့ အောက်ကို စီးဆင်းမှာဘဲ။ တမံတွေက ရေတကယ်ဖောက်ချရင် ဧက-ပေ သိန်းချီပြီးနစ်မြုတ်သွားမယ့်အပြင် ဘာမှမကျန်အောင် washoutသွားမှာဖြစ်ပါတယ်။

ရေလှောင်တမံအကြီးတွေကို ဖောက်ချလို့လဲမရပါဘူး ချိုးချပလိုက်လို့လဲမရပါဘူး။ ပြည်သူတွေအထိတ်တလန့်
ဖြစ်စေမယ့် အဲ့သည့်အသုံးအနှုန်းကြီးကိုမသုံးကြပါစို့နဲ့လို့ တိုက်တွန်းရင်း စိတ်သောကမဖြစ်ကြဘို့အတွက်ဒီစာကို
ရေးလိုက်ပါတယ်။

စကားချပ်။ ။ဧက-ပေ ဆိုတာကိုနားလည်အောင်ပြောရရင် တစ်ဧကအကျယ်မှာရေထု တစ်ပေ ရှိတယ်ဆိုတာပါ။

မြစည်သူ
###crd

image