3 w - Translate

◼️ “ကျနော်တို့ နီကိုဝီလီယံစ်ကို မခေါ်ခဲ့တာက အသင်းမှာ

◼️ ရာဖင်ညာ၊ ဖာရန်တောရက်စ်၊ အန်ဆုဖာတီ၊ ရာမဲလ်တို့အပြင် ဖာမင်နဲ့ အိုလ်မိုတို့လည်း ရှိနေလို့ပါ။

◼️ အိုလ်မိုဆိုရင် တောင်ပံကစားသမား တစ်ယောက်ထက် ပိုတဲ့ ရွေးချယ်စရာတွေကိုပါ ကျနော်တို့အတွက် ပေးခဲ့ပါတယ်”

◼️ ဘာစီလိုနာ အားကစားဒါရိုက်တာ ဒေကိုက ပြီးခဲ့တဲ့နွေမှာ ဘာစီလိုနာတို့ ဘီလ်ဘာအို တောင်ပံကစားသမား

◼️ နီကိုဝီလီယံစ်ကို မခေါ်ခဲ့တဲ့အပေါ် ရှင်းလင်းလာခဲ့တာပါ။ ဘီလ်ဘာအိုက ဒီစပိန်သားအတွက် ယူရိုသန်း (၉၀) အထိ တောင်းခဲ့ပါတယ်။

◼️ ဒါပေမယ့် ဘာစီလိုနာက ဒီပြောင်းရွှေ့ကြေးကို မတတ်နိုင်လို့ မခေါ်ခဲ့ဘူးလို့

◼️ သတင်းတွေ ထွက်ခဲ့ပြီး ဒေကိုကတော့ ဘဏ္ဍာရေးကြောင့် မဟုတ်ဘဲ

◼️ အသင်းက တောင်ပံနေရာမှာ လူပုံနေလို့ဆိုပြီး အကြောင်းပြချက်ပေးသွားခဲ့တာပါ။

image