3 w - Translate

အလုပ်ပင်ပန်းတယ်ဆိုတာဟာ အလုပ်ကြောင့်
မဟုတ်ဘူး အလုပ်မှာ ပတ်သက်ရတဲ့လူတွေကြောင့်
ဆက်ဆံရခက်တဲ့ လုပ်ဖော်ကိုင်ဖက်တွေကြောင့်ပဲ ။
အလုပ်ကရတဲ့ Stress တွေ ၊ pressure တွေက
ကိုယ်တိုင် Control လုပ်နိုင်တယ် ။
ဒီအလုပ်ဟာလည်း ကိုယ့်အရည်ချင်းနဲ့ ကိုက်ညီလို့
ရလာခဲ့တာဖြစ်တဲ့အတွက်ကြောင့် အလုပ်နဲ့ပတ်သက်လို့က
မခက်ခဲဘူး ။
ကိုယ့်အလုပ် ကိုယ်မလုပ်ပဲ personal ကိစ္စတွေကို
ဦးစားပေးနေသူတွေ … လုပ်ငန်းခွင်မှာ တစ်ဦးကိုတစ်ဦး
J ဝင်တဲ့ ကိစ္စတွေ ၊ ပေါင်းရသင်းရခက်တဲ့ လူတွေ …
အဲ့တာတွေကြောင့် အလုပ်က ပိုပင်ပန်းရတာ ။
ဒီလူတွေနဲ့က စကားတွေလည်း မပြောချင်ပဲပြောရတယ်
ပြဿနာတွေလည်း မဖြစ်ချင်ပဲ ဖြစ်ရတယ် ။
လုပ်ငန်းခွင်မှာက တွဲခေါ်တဲ့သူက နည်းနည်း
ပညာပြချင်သူက များများနဲ့ ။ အလုပ်ကရတဲ့ စိတ်ဒဏ်ရာတွေဟာ အဲ့လိုလူတွေကြောင့်ချည်းပဲ ။
ကိုယ့်အလုပ်မှာ အကြည်ဓာတ်ရပြီး အကောင်းမြင်စိတ်ရှိသူတွေနဲ့သာ အတူလုပ်ရကြည့် နေ့တိုင်း ပေါ့ပါးနေတော့တာပဲ ။
Monday တိုင်းကိုလည်း မုန်းမိမှာမဟုတ်ဘူး ။
အဲ့လိုလူတွေနဲ့ အလုပ်လုပ်ရတဲ့သူဟာ တကယ် ကံကောင်းတာပဲ ။
Credit

image