3 w - Translate

ဝက်လက်ကို စားရတာမအီရလေအောင် မန်ကျည်းအနှစ်လေးနဲ့ချက်ကြရအောင် 😍

ဝက်လက်ကို ဆနွင်း ဆား အရသာမှုန့် နဲ့နယ်ပါ
ကြက်သွန်အနီ အဖြူ ဂျင်း ငရုတ်သီးခြောက် ငရုတ်ကောင်း တို့ကို ညက်နေအောင်ထောင်းထားပါ
မန်ကျည်းအရည်ဖျော် ရှမ်းနံနံလှီးထားပါ

အပေါ်ကထောင်းထားတာတွေကို ဆီသပ်ပါ
ပြီးမှ နယ်ထားတဲ့ဝက်လက်ထည့်ပြီးမွှေပေးပါ
ခနနေမှရေထည့်ပြီးချက်ပါ
နူးခါနီးပြီဆို မန်ကျည်းအရည်ဖျော်ထားတာထည့်ပြီး ဆူပွက်သည်အထိ ပြန်တည်ထားလိုက်ပါ
မီးဖိုပေါ်ကအိုးချခါနီးမှ မဆလာထည့် ရှမ်းနံနံအုပ်ပါ
#ဝက်လက် See less

image