3 w - Translate

ဘေးကင်းကြပါစေ
ရန်ကုန် မန္တလေး အမြန်လမ်းပေါ်ကို ရေတွေ ရောက်လာပါပြီ၊ ဆက်တက်ဖို့ အလားအလာ ရှိပါတယ်
အမြန်လမ်း.. ယနေ့ စက်တင်ဘာ ၁၃ ရက် မနက် ၈ နာရီ မန္တလေးဘက်ကို အသွားတုန်းက ရေမရှိပါ။ မနက် ၁၁ နာရီ နေပြည်တော်သို့ အပြန် ၃၅၆ မိုင်နဲ့ ၃၄၈ မိုင်မှာ ရေကျော်နေပါပြီ။ ၃ နာရီလောက် အချိန်အတွင်းမှာပဲ သိသိသာသာ ဖြစ်သွားတာပါ။ ကားလေးများ သွားလို့ ရနေပါသေးတယ်။
လမ်းက ခဏတာ ရေကျော်တာမျိုး မဟုတ်ပါဘူး။ ဘေးမှာ ရေပြင်ကြီးပါ မြင်နေရပြီး ဆက်တက်လာဖို့ပဲ ရှိပါတယ်။ အခုမိုးပါ ရွာနေပါပြီ ကားသေးများဖြတ်သန်း၍ မရတော့လျှင် ကားတန်းရှည်ပိတ်နိုင်ပြီး အခက်ခဲကြုံနိုင်ပါသည်။ ၃၄၄ မိုင်လမ်းခွဲမှလဲ ဆင်းသွားလို့ မရပါ ရေပိုများပါတယ်။ တစ်လမ်းသွားပိတ်လျှင် ပြန်လှည့်ဖို့ ခက်ပါတယ်။ အိမ်စီးကားများ သေချာ စုံစမ်းမေးမြန်းပြီးမှ သွားကြပါ အခန့်မသင့်လျှင် ရှေ့တိုးမရနောက်ဆုတ်မရ ဖြစ်နိုင်ပါသည်။
(Myo Thu Htet)
Credit

image