3 w - Translate

စီရော်နယ်ဒိုအနေဖြင့် ပြောချင်ရာပြောခွင့်ရှိဟုမန်ယူနည်းပြတန်ဟတ်ဂ် ပြန်လည်တုံ့ပြန် 😂
ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုအနေနဲ့ သူပြောချင်ရာပြောခွင့်ရှိကြောင်း မန်ယူနည်းပြအဲရစ်တန် ဟတ်ဂ်က ပြန်လည်တုံ့ပြန်သွားပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရက်ပိုင်းပြုလုပ်ခဲ့တဲ့ မန်ယူနောက်ခံလူ ဟောင်းဖာဒီနန်နဲ့ အင်တာဗျူးမှာ နည်းပြတန်ဟတ်ဂ်ကို ဝေဖန်ခဲ့တာပါ။

တန်ဟတ်ဂ်ဟာ မန်ယူအသင်း လိဂ်ချန်ပီယံနဲ့ ဥရောပချန်ပီယံ မဖြစ်နိုင်ဘူးလို့ ပြောခဲ့ပြီး မန်ယူနည်းပြ တယောက်အနေနဲ့ အဲဒီလို မပြောဆိုသင့်ကြောင်း ရော်နယ်ဒိုက ဝေဖန်ခဲ့တာပါ။

အဲဒီမှတ်ချက်နဲ့ ပတ်သက်ပြီး စီရော်နယ်ဒိုဟာ မန်ယူအသင်းနဲ့ အလွန်ဝေးကွာတဲ့ ဆော်ဒီနိုင်ငံမှာ ရှိနေပြီး အသင်းရဲ့ကစားသမား မဟုတ်တော့တဲ့အတွက် ပြောချင်ရာပြောဆိုပိုင်ခွင့်ရှိကြောင်း နည်းပြတန်ဟတ်ဂ်က ပြန်လည်တုံ့ပြန်ခဲ့တာပါ။

ပရီးမီးယားလိဂ်အဖွင့် ၃ ပွဲမှာ ၂ ပွဲရှုံးနိမ့်ထားပေမဲ့ အစပိုင်းကာလပဲရှိသေးလို့ ဘာမှဆုံးဖြတ်သုံးသပ်လို့ မရနိုင်သေးကြောင်း မန်ယူနည်းပြတန်ဟတ်ဂ်က ပြောသွားပါတယ်။

image