“လူတွေက ခွဲခြားဆက်ဆံတာမဟုတ်ဘူး
သင့်ဘက်က skill လိုနေတာ”

တစ်ခါတလေ သင့်အနေနဲ့ ခွဲခြား ဆက်ဆံခံရသလို ခံစားဖူးမယ် ထင်ပါတယ်
လူတိုင်း အနည်းဆုံး တစ်ခါတော့ ခံစားဖူးကြမယ် ။

ကျောင်းမှာပဲဖြစ်ဖြစ် ၊ အလုပ်မှာပဲ ဖြစ်ဖြစ် ၊ အိမ်မှာတောင် ခံစားရနိုင်တယ်။

ဒီနေ့တော့ အလုပ်မှာ ဖြစ်တဲ့ ခွဲခြားဆက်ဆံရေးကို ပြောချင်တယ်

ကိုယ့်ရဲ့အလုပ်မှာ HR ကဖြစ်ဖြစ် ၊ မန်နေဂျာကဖြစ်ဖြစ် ဦးစားပေးတာခံရသူရှိလား
ရှိတယ်ဆိုရင် ဘာလို့ သူတို့ အဲလို ဦးစားပေးခံရတာလဲ
သူတို့ ကပ်ဖားရပ်စား လုပ်နေလို့လား

ကိုယ့်အမြင် နဲ့ တခြားသူ အမြင်မှာ အဲလိုဖြစ်နိုင်ပေမဲ့

သူတို့က သင်မသိတဲ့ အချိန်မှာ အထက်လူကြီးတွေကို “ ဆရာ စားပြီးပြီလား ၊ နေကောင်းလား ”
ခရီးပြန်လက်ဆောင်ပေးတာ အစရှိတဲ့ ဂရုစိုက်မှုလေးတွေ လုပ်ပေးတာလည်း ဖြစ်နိုင်ပါတယ် ။

ဒါကို ဖားတယ်လို့ မြင်ကြတဲ့သူ ရှိရင်ရှိမှာပဲ
ကျနော်ကတော့ ဒါကို လေးစားတာ ၊ အရေးပေးတာလို့ မြင်တယ် ။

အလုပ်က လူကြီးတစ်ယောက်သာမကပဲ
ဦးလေး ၊ ဆွေမျိုးတစ်ယောက်လို ဆက်ဆံတာ ဖြစ်တယ်လို့ ခံစားရစေတယ် ။

သူတို့က သင်မသိတဲ့ လုပ်ငန်းခွင် ပေါင်းသင်းဆက်ဆံရေးနည်းတွေ သိလို့ဖြစ်တယ် ။

အဲ့လိုပုံစံမျိုး သင့်အနေနဲ့
အလုပ်မှာ နားရ‌က်တွေရတဲ့ ၊ အခွင့်အရေးတွေရတဲ့ လူကိုလည်း မြင်ဖူးမယ် ထင်ပါတယ် ။

နားရက်ယူတာကို ကြည်ကြည်ဖြူဖြူနဲ့ ပေးတဲ့အပြင် တခြားအခွင့်အရေးတွေမှာလည်း ထိပ်ဆုံးက ဖြစ်နေတဲ့ သူတွေ ၊
သူတို့က အကြီးတစ်ယောက်ရဲ့ ဆွေမျိုး မဟုတ်ရင် Company အတွက် တကယ် အမြတ်တွေ သယ်ဆောင်လာပေးတဲ့လူ ဖြစ်ပါလိမ့်မယ် ။

အဲတော့ သင့်အနေနဲ့ နားရက်လည်း အေးဆေးရ အခွင့်ထူးလည်းရတဲ့သူ ဖြစ်ချင်ရင်
အဲ့လိုလူတစ်ယောက်ဖြစ်လာရင် ရပါပြီ
အလုပ်မှာ ခွဲခြား ဆက်ဆံခံရတယ်ဆိုတာ skill တွေ လိုအပ်လို့ပါ ။

လိုအပ်တဲ့ skill တွေကို လုပ်ငန်းခွင်အဌာရသမှာ ဖြည့်‌ပေးပါတယ် ။

သင့်အနေနဲ့ အလုပ်မှာ အခွင့်ထူးခံချင်တယ်ဆိုရင်
အလုပ်မှာ ပေါင်းသင်းဆက်ဆံရေးကောင်းဖို့နဲ့ သင်မရှိရင်မဖြစ်တဲ့ ဖြစ်တည်မှုကို တည်ဆောက်ထားဖို့ လိုအပ်တယ် ။

အခုပဲ skill တွေ ဖြည့်ကြမယ်။

#crd