3 w - Translate

အဆီပြန်ပြီး sensitive ဖြစ်တဲ့ skin တွေကအစ သုံးဖို့သင့်တော်တဲ့ Sunscreen💙

Made in Korea, Local Brand တခုကနေ sensitive skin ကအစ သုံးဖို့သင့်တော်အောင် ခုလို Alcohol free, Fragrance free, Essential oil free sunscreen တခုထုတ်ပေးလိုက်တာကို Nyi တော့အတော်လေးသဘောကျမိတယ်။ Packaging ကလဲခေတ်မှီပြီး သုံးရလွယ်ကူအောင်လုပ်ထားတော့ နာမည်သာမဖတ်မိရင် ကိုယ်တွေသုံးနေကျ Korean sunscreen တခုလို့ထင်မိမှာ အမှန်ပါပဲ။

ဒီ sunscreen မှာအကောင်းဆုံးအပိုင်းက သူ့ရဲ့ texture လို့ပြောရမယ်။ Aqua Sun Essence ဆိုတဲ့အတိုင်း essence texture မျိုးရှိပြီး သုံးရတဲ့ခံစားချက်က ရေဓာတ်သီးသန့်ပေးတဲ့ moisturizer အမျိုးအစား 'hydrator' တခုကို လိမ်းရသလိုပဲ။ အရည်ကျဲကျဲအေးအေးလေးနဲ့ အသားအတွင်းပိုင်းကို အလွယ်တကူစိမ့်ဝင်တယ်။ အဆီများတဲ့ခံစားချက်, heavy ဖြစ်တဲ့ feeling, shiny ဖြစ်တဲ့ finish မျိုးလုံးဝမရဘူး။ ခြုံငုံကြည့်ရင် balance ဖြစ်တဲ့သဘောကို မြင်ရတယ်။

Ingredients list ကိုကြည့်ရင်လဲ သူက Chemical sunscreen ထဲပါပြီး UV filters 5ခုထိ ထည့်သွင်းထားတယ်။ အမဲစက်သက်သာပြီး skin barrier ကောင်းအောင်လုပ်ပေးတဲ့ Niacinamide, ရေဓာတ်ဖြည့် Glycerin, အရေးအကြောင်းအတွက် Adenosine, free radicals တွေကကာကွယ်ဖို့ Vitamin E, soothing Basil leaf extract တို့ပါဝင်တယ်။ အပေါ်မှာပြောခဲ့သလို ရေရှည်မှာ အသားအရေကိုထိခိုက်နိုင်ခြေရှိတဲ့ ပါဝင်ပစ္စည်းတွေကင်းစင်လို့ sensitive skin တွေအတွက် သူ့ရဲ့အားသာချက်ပေါ့နော်။

သူ့ရဲ့အနံ့ကတော့ fragrance free product တွေမှာ တွေ့ရတဲ့အနံ့မျိုးပဲ။ Consistency က တော်တော်ကိုကျဲတာ တချက်နှစ်ချက်ပွတ်လိုက်ရင်ကို တန်းပျောက်သွားတယ်။ Hydration ရတဲ့ထဲလဲပါတာမလို့ Oily skin ဆိုရင် moisturizer ကျော်လိမ်းဖို့ Nyi အကြံပေးချင်တယ်။ အဆီအရမ်းပြန်တယ်ဆိုတဲ့သူတွေအတွက်ကတော့ loose powder တခုခုနဲ့တွဲသုံးရင် perfect ပဲ။ Acne skin safe လဲဖြစ်တယ်။ အသားအရေအမျိုးအစားတိုင်းလဲ ရာသီဥတုမရွေးအသုံးပြုနိုင်ပါတယ်။

စိတ်ဝင်စားလို့ ဝယ်ချင်တယ်ဆိုရင်
🛒 Yoon Skin မှာမေးကြည့်နော်။

Disclaimer : Collab with Yoon Skin

#yoonskin #yoonskinfitmeaquasunessence #reviewbynyi #nyipick #nyipicksunscreen #crd

image
image
image