3 w - Translate

ပိုက်ဆံသိပ်မသုံးသင့်တဲ့ Skincare Steps များ🤫
(Part-2)

Part-1 မဖတ်ရသေးရင် ဒီမှာဖတ်ပါဗျ✅
https://www.facebook.com/share..../p/y3TpjRw9LBDLvufb/

4. Sunscreen📍

အထင်မလွဲပါနဲ့၊ Nyi ပြောချင်တာက မျက်နှာအတွက် sunscreen ရွေးတဲ့အခါ budget option ကိုရွေးနိုင်တယ်ဆိုတာ သိစေချင်လို့ပါ။ Sunscreen သုံးတဲ့အခါ quality ပြည့်မှီပြီး သေချာနေကာနိုင်တာမျိုးကို လိမ်းသင့်မှန်း အားလုံးသိကြမယ်ထင်တယ်နော်။ အဲ့ဒီအတွက် Nyi တို့စျေးအရမ်းပေါတာမျိုးကို ရှောင်သင့်ပါတယ်။ ဒါပေမဲ့ တကယ်အလုပ်ဖြစ်တဲ့ sunscreen ကိုရွေးမယ်ဆိုလို့ရှိရင်လဲ အရင်က 3သောင်းဝန်းကျင်ကနေ ခု 5သောင်းဝန်းကျင်တွေ ဖြစ်ကုန်ပြီ။ တချို့ sunscreen မလိမ်းတော့ဘူးဆိုတာတွေလဲ တွေ့နေရလို့ Nyi က quality လဲမလျော့ဘဲ စျေးအရလဲ ခုချိန်ထိလက်သင့်ခံနိုင်သေးတဲ့ Japanese sunscreen တွေကို ညွှန်းပေးချင်ပါတယ်။ ပြန်ရတဲ့ amount ရယ်၊ quality ရယ်နဲ့ကြည့်ရင် အခုအချိန်မှာ တကယ်အသုံးသင့်ဆုံးပဲ။ Nyi ရေးပေးဖူးတဲ့ Japanese sunscreen တွေလဲ အများကြီးရှိလို့ အဲ့ဒီထဲကရှာကြည့်ဖို့ အကြံပြုပါတယ်နော်။

5. Exfoliant📍

ချွေတာလို့ရတဲ့ထဲမှာ exfoliating products တွေလဲအပါအဝင်ပဲ။ အသားအရေကို ဂျေးချွတ်သန့်စင်တာပဲမလို့ cleanser တွေလိုမျိုး budget save ဖြစ်တာကို ရွေးသုံးပေးလို့ ရပါတယ်။ Exfoliant တွေက တကယ်တမ်းအကျိုးရှိအောင် သုံးမယ်ဆိုရင် တပတ်ကို 1-2ကြိမ်လောက်ပဲသုံးရတာမလို့ ချွေတာဖို့ သူတို့ကိုရွေးတဲ့အခါ PAO(Period After Opening) ကအရေးကြီးတယ်နော်။ 6လပဲခံတဲ့ exfoliant သုံးမယ့်အစား တနှစ်ခံတဲ့ exfoliant သုံးတော့ ထက်ဝက်လောက်သက်သာတာပေါ့။ နောက်ပြီး exfoliant ဆိုတဲ့အမျိုးက တခါသုံးရင် ပမာဏနဲနဲပဲလိုတာဆိုတော့ standard size 200ml exfoliating toner တဗူးဆို အနည်းဆုံး 8လလောက် အသုံးခံပါတယ်။ ထပ်ခါထပ်ခါမဝယ်ရအောင်တော့ ကိုယ့်အသားအရေရဲ့လိုအပ်ချက်၊ ခံနိုင်ရည်နဲ့ exfoliant ရဲ့ပြင်းအားကိုမှန်းဆပြီး မှန်ကန်တဲ့ product ကို သေချာရွေးပေးပါဗျ။

6. Face masks📍

Wash off masks, sleeping masks, clay masks, sheet masks, modelling masks စတဲ့ face masks တွေအကုန်လုံး မသုံးမဖြစ်တခုမှမဟုတ်ဘူးနော်။ ကိုယ်က ပိုက်ဆံလုံးဝချွေတာချင်ရင် အကုန်ရပ်ထားလို့ရပါတယ်။ စျေးအများကြီးပေးပြီးသုံးဖို့တော့ ပိုလို့မလိုအပ်ဘူးပေါ့နော်။ ဥပမာ - sheet mask တချပ်ကို serum တပုလင်းစာပေးပြီးသုံးတာတော့ နဲနဲများတယ်လို့ Nyi အနေနဲ့ မြင်ပါတယ်။ နောက်ပြီး sheet mask တချပ်ကပ်လို့လဲ သူ့အာနိသင်အလွန်ဆုံးခံမှ 2-3ရက်ပေါ့ မဟုတ်ဘူးလား။ ရံဖန်ရံခါ တရေးနိုးထ care တာမျိုးထက် နေ့စဉ်မှန်မှန်လေးဂရုစိုက်တာက အများကြီးပိုပြီးအကျိုးရှိပါတယ်။ မလိုအပ်ဘဲ ပိုက်ဆံ waste မဖြစ်အောင်လို့ Nyi ကအကြံပေးတာပါခင်ဗျ။ ခုလိုချိန်မှာ အပိုကုန်တွေရပ်ထားပြီး တကယ်လိုအပ်တဲ့နေရာမှာပဲ ပိုက်ဆံသေချာသုံးကြည့်ပါနော်။ အသားအရေကောင်းရုံတင်မဟုတ်ဘဲ ပိုက်ဆံအိတ်လေးပါ ဖောင်းလာပါလိမ့်မယ်။

7. Lip products📍

သိကြလား၊ Ugly truth တခုပြောပြမယ်။ Lip products တွေ စျေးကြီးပေးပြီး ဝယ်သုံးကြတယ်နော်။ အဲ့လိုတကယ်တမ်းမလိုအပ်ဘူးလို့ပြောရင် ယုံကြမလား။ Nyi တော့ lip scrub, lip mask တွေကို budget save ဖြစ်ချင်မှမဟုတ်ဘူး၊ ပိုက်ဆံပေါနေရင်ကို ဝယ်မသုံးဖြစ်ဘူး။ အဲ့လိုပြောလို့ anti-fan လားဆို မဟုတ်ပါဘူး၊ ပိုက်ဆံနဲ့တန်အောင် သူတို့ကောင်းမှန်း experience ကောင်းကောင်း result ကောင်းကောင်းပေးနိုင်မှန်း နားလည်တယ် လက်ခံတယ် သဘောကျပါတယ်။ ဒါပေမဲ့ lip care အတွက် lip scrub, mask တွေသုံးမှဖြစ်မှာလားဆိုရင်တော့ ဟင့်အင်း။ Lip care သေချာလုပ်ချင်လား? Vaseline 100% petroleum jelly ကိုသာ ညထူထူလေးလိမ်းအိပ်ကြည့်နော်၊ မနက်ကျ အကောင်းဆုံး lip sleeping mask ဆိုတာ လက်ခံပါလိမ့်မယ်။ Lip scrub အတွက်လဲ သွားပွတ်တံလေးနဲ့ဖြစ်ဖြစ် တဘက်ကြမ်းလေးနဲ့ဖြစ်ဖြစ် အသာအယာလေးပွတ်တိုက်ပေးလို့ရပါတယ်ဗျ။

Part-2 ကိုတော့ ဒီလောက်နဲ့ပဲ အဆုံးသတ်ပါရစေနော်။ သိပ်မကြာခင် part-3 လာပါမယ်ဗျ။ မျှော်နေကြတဲ့ cleansing oil review လဲ တင်ပေးပါတော့မယ်💙

#knowledgesharingbynyi
#reviewbynyi
#crd

image