4 w - Translate

ကျွန်တော်ကလေ ...
ကိုယ့်ကိုယ်ကိုယ် မနိုင်ဘူးရယ်
ခင်ဗျားကို လွမ်းလို့ဆိုပြီး တမိရင်
ကျွန်တော့်အတွက် ဘာမှရှိမနေတဲ့
ခင်ဗျား acc ထဲ ပြေးပြေးကြည့်တာပဲ
ပြီးရင် ငိုငိုပြီး ပြန်ထွက်လာတယ် ။
ခင်ဗျားနဲ့ စကားပြောချင်တယ်လို့တွေးမိရင်
Blacklist ထဲမှာ ရှိနေမှန်းသိသိရဲ့နဲ့
အနည်းဆုံးတော့ Missed Callတွေ့မှာပါဆိုတဲ့စိတ်နဲ့
အကြိမ်ကြိမ် ခေါ်ဖြစ်တယ်
ပြီးရင် ငါ ဒီလောက်ခေါ်နေတာကိုဆိုတဲ့ အတွေးတွေနဲ့
၀မ်းနည်းလာပြန်ရော ...
တစ်ခါတစ်လေကျတော့
ကျွန်တော့်ကိုယ် ကျွန်တော်လဲ ဆုံးမပါတယ်
ပြီးတော့ခင်ဗျားကို လက်လွှတ်လိုက်ဖို့
မေ့ပစ်လိုက်ဖို့လဲ တွေးတယ် ။
ဒါပေမယ့်
ကျွန်တော်ကိုယ် ကျွန်တော် မနိုင်ဘူးရော ...
ခင်ဗျားနဲ့ ပတ်သက်ရင်
အရင်အတိုင်းပဲ ကျွန်တော် ဆတ်ဆတ်ထိမခံ ဖြစ်နေတုန်းပဲ။
#ကျေးကို
(ရင်နှင့်ရင်း၍ ရေးသည်)

image