4 w - Translate

မန်ယူနည်းပြ တန်ဟတ်ဂ်၏ စိတ်ဓာတ်အပေါ် စီရော်နယ်ဒို ဝေဖန်

မန်ယူအသင်းမှာ တကျော့ပြန် ပြောင်းရွှေ့ကစားစဉ်က နည်းပြတန်ဟတ်ဂ်ရဲ့ စိတ်ဓာတ်ပိုင်းအပေါ် စီရော်နယ်ဒိုက ဝေဖန်သွားပါတယ်။

ဖာဒီနန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ အသင်းဟောင်း မန်ယူ နည်းပြ အဲရစ်တန်ဟတ်ဂ် အပေါ် စီရော်နယ်ဒိုက ဝေဖန်ခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းမှာ အရာအားလုံးက ပြန်လည်တည်ဆောက်သွားဖို့ လိုအပ်ပြီး ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဆုဖလားတွေ မရနိုင်ကြောင်း ပြောခဲ့တဲ့ နည်းပြရှိနေတာကလည်း မဖြစ်သင့်ကြောင်း ရော်နယ်ဒိုက ပြောပါတယ်။

မန်ယူအသင်းအနေနဲ့ အဲဒီဆုဖလားတွေကို ရယူနိုင်ဖို့ အလားအလာမရှိသေးသည့်တိုင် ရအောင်ကြိုးစားမယ်ဆိုတဲ့ စိတ်ဓာတ်ရှိသင့်ကြောင်း စီရော်နယ်ဒိုက ပြောပါတယ်။

ဘောလုံး အသင်းတသင်းကို ပြုပြင်တည်ဆောက်နိုင်ဖို့ဆိုရင် ၉၉ ရာခိုင်နူန်းသော တာဝန်ရှိသူတွေက ဘောလုံးအကြောင်း သိရှိထားဖို့လိုအပ်ကြောင်း ရော်နယ်ဒိုက ပြောသွားပါတယ်။

image