4 w - Translate

Apple Event ကနေ တရားဝင်မိတ်ဆက်လိုက်ပြီ ဖြစ်တဲ့

iPhone 16

iPhone 16 Plus

iPhone 16 Pro

iPhone 16 Pro Max..

Apple ရဲ့ ကိုယ်ပိုင် iOS 18 နဲ့ support ထားတဲ့ iPhone 16 နဲ့ 16 Plus မှာ Screen Size အနေနဲ့ iPhone 16 - 6.1" ,iPhone 16 Plus- 6.7" ကိုအသုံးပြုပေးထားပြီး Camera အနေနဲ့ 48MP Camera ကိုပဲ အသုံးပြုထားပါတယ်။

ပိုပြီးထူးခြားလာမှာက Ultra Wide Camera ဖြစ်ကာ Auto Focus ပါဝင်လာမယ့်အပြင် အမှောင်ထဲ ရိုက်ရင်တောင်မှ Image Quality ကပိုကောင်းလာမှာဖြစ်ပြီး (Ultra Wide နဲ့ Marco Photography) တွေပါ ရိုက်လို့ရလာမှာပါ။

iPhone 16 Pro & Pro Max တွေမှာတော့ Screen Size က iPhone 16 Pro- 6.3" ,iPhone 16 Pro Max - 6.9" အနေနဲ့ ပြောင်းလဲလိုက်ကာ မနှစ်ကထက် ပိုပြီး မာကြောတဲ့ Grade 5 Titanium ကိုအသုံးပြုထားပါတယ်။ Color အနေနဲ့ Desert Titanium Color အသစ်ထပ်ထည့်ထားပါတယ်။

Apple Intelligence သုံးတဲ့အခါ iPhone 15 Pro ထက် 50% ပိုမိုမြန်ဆန်နေဖို့ 16-core Neural Engine ကိုအသုံးပြုပေးထားပါတယ်။ကမ္ဘာပေါ်မှာ ရှိသမျှ စမတ်ဖုန်းတွေ အားလုံးထဲမှာမှ အမြန်ဆုံး CPU ဖြစ်တယ်လို့လည်း ကြေညာထားပါသေးတယ်။

Pro မျိုးဆက်ရဲ့ Camera အနေနဲ့ကတော့ 48MP Fusion Canera ကို အသုံးပြုထားပြီး

Video တွေအတွက် Face Tracking, Professional Color Grading တွေကိုပါ တခါတည်းလုပ်နိုင်ကာ 120FPS ကို 4K နဲ့ရိုက်နိုင်ပါပြီ။

Audio-Mic 4 လုံးပါလာကာ Noice Cancellation ပိုကောင်းလာစေပြီး Voice memos မှာလဲ studio quality အဆင့်အထိ အသံတွေကိုပါ စိတ်ကြိုက်သွင်းလို့ရဦးမှာပါ။Camera control button နှိပ်ပြီး ကိုယ့်စိတ်ကြိုက် photo တွေ video တွေကိုလည်း adjust လုပ်တဲ့စနစ်ပါဝင်လာမှာဖြစ်ပါတယ်။

ဈေးနှုန်းကိုတော့ မြန်မာ user တွေအနေနဲ့ Exchange rate ပေါ်မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲရှိမှာဖြစ်ပြီး 4200 rate နဲ့အကြမ်းတွက်တဲ့အခါ iPhone 16 - price 65သိန်း,iPhone 16 plus - price 68သိန်း,iPhone 16 Pro -price 78 သိန်း,iPhone 16 Pro max - price 91သိန်းထိ အကြမ်းမျဉ်း ရှိနိုင်ပါတယ်။

#myspaceadmin

#frankiestories

image