4 w - Translate

မတတ်နိုင်ခဲ့ခြင်းများစွာအတွက် ကြေကွဲဝမ်းနည်း
ရပါတယ်

အမှတ်တရတွေဆိုတာ ရင်ဘတ်ထဲထည့်သိမ်းရတာလား
မှတ်ဉာဏ်ထဲ သိုလှောင်ရတာလား
ဖျတ်ခနဲ့အတွေးတိုင်းမှာ သူ့အငွေ့အသက်တွေ
ပါနေတာ

ကိုယ် ဘဝတစ်ခုလုံး ဆုံးရှုံးခဲ့ပြီးဆိုမှ
သူ့အတွက်ရည်ရွယ်ထားတဲ့ ပန်းတွေပွင့်တယ်
သူနဲ့အတူတူပြေးလွှာခဲ့တဲ့ လမ်းတွေပြန်ရောက်တယ်
အတူတူကြည့်ခဲ့တဲ့ နေဝင်ချိန်တွေ သူသဘောကျတဲ့
အညိုရင့်တွေ

ဘယ်လိုရှင်သန်နိုင်မလဲလို့ တွေးခဲ့လည်း
ကိုယ့်နည်းကိုယ့်ဟန်နဲ့ သူ့ရှေ့ပြန်ရောက်သွားဖို့
သံသရာရဲ့ တစ်ပတ်ကိုစောင့်ခဲ့တယ်

အချစ်ဆိုတာ တစ်ခါပဲဖြစ်တာဆို
ကိုယ့်အချစ်က သူ့ပါးချိုင့်လေးထဲမှာအကြိမ်ကြိမ်
ဖြစ်နေတာ
တစ်စက္ကန့်မှလည်း မျက်ဝန်းကလေးတွေကို
မေ့မပစ်ခဲ့ပါဘဲ

အချစ်ရေ မတတ်နိုင်ခဲ့ခြင်းများစွာအတွက်ပေါ့
ဘဝတစ်ခုလုံးနဲ့ စောင့်နေခဲ့တယ်။

#ဇူခီ

image