4 w - Translate

အာဆင်နယ်ကွင်းလယ်လူ ရိုက်စ်ကို ထုတ်ပယ်ခဲ့သည့်ဆုံးဖြတ်ချက် မှန်ကန်ကြောင်း အတည်ပြု
အာဆင်နယ်ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ကို အနီကတ်ပြ ထုတ်ပယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက် မှန်ကန်ကြောင်း ပရီးမီးယားလိဂ်က အတည်ပြုသွားပါတယ်။

ပွဲစဉ်တပွဲရဲ့ အဓိကဖြစ်ရပ်တွေကို လေ့လာသုံးသပ်တဲ့ ဒိုင်လူကြီးအဖွဲ့ဟာ ဘရိုက်တန်နဲ့ ပွဲစဉ်မှာ ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရတဲ့ ဒက်ကလန်ရိုက်စ်ရဲ့ ဖြစ်ရပ်အပေါ် ပြန်လည်လေ့လာ သုံးသပ်ခဲ့ကြတာပါ။

ပြန်လည်စစ်ဆေးချက်အရလည်း ရိုက်စ်အနေနဲ့ သူဘာလုပ်ခဲ့သလဲဆိုတာ သိရှိမှာဖြစ်ပြီး ညင်သာတဲ့ထိတွေ့မှု ဖြစ်ပေမဲ့ ဒိုင်လူကြီးဘက်က ရွေးချယ်စရာမရှိကြောင်း၊ ဒိုင်ရဲ့ဆုံးဖြတ်ချက်ဟာ ရှင်းလင်းပြီး ကစားသမားဖြစ်သူဟာ ရည်ရွယ်ချက်ပါခဲ့သလို သက်ရောက်မှုလည်းရှိတဲ့ အပြုအမူဖြစ်ကြောင်း ဒိုင်လူကြီးအဖွဲ့က ထုတ်ပြန်ပါတယ်။

ရိုက်စ်ဟာ ကစားသမားဘဝတလျှောက် ပထမဆုံးအကြိမ် အနီကတ်ပြသခံခဲ့ရတာဖြစ်ပြီး စပါးအသင်းနဲ့ မြောက်လန်ဒန်ဒါဘီကို လွဲချော်မှာ ဖြစ်ပါတယ်။

image