4 w - Translate

စိတ်ဆိုးနေတဲ့အချိန်မှာပဲ
စိတ်ပူနေတတ်တဲ့စိတ်က
မတ်ေတာပါပဲ .. ။

ဒေါသထွက်နေချိန်မှာတောင်
လက် မပါ တတ်တဲ့ စိတ်ကလည်း
မတ်ေတာပဲ .. ။

မခေါ် မပြောကြရင်တောင်
သူ့အတွက်ဆိုပြီး ရည်ရွယ်မိတဲ့စိတ်ဟာလည်း
မေတ္တာစိတ်ပါပဲ .. ။

စကားမပြောကြသည့်တိုင်
အနားကနေ မထွက်ခွာခြင်းကလည်း
မေတ္တာ စိတ်ပါပဲ .. ။

ရန်ဖြစ် စကားများပြီး
လှည့်မကြည့်ဘဲ ထွက်သွားခဲ့ရင်တောင်
သူ .. အိမ်ကို ကောင်းမွန်စွာ
ပြန်ရောက်ရဲ့လားဆိုတဲ့
စိုးရိမ်ပူပန်စိတ်ကလေးလည်း မေတ္တာစိတ်ပဲပေါ့ .. ။

အချစ်နဲ့ ချစ်ခြင်းမေတ္တာ ဘာကွာလဲမေးရင်
အဲဒီ မေတ္တာစိတ်တွေ ကွာပါတယ် .. ။

ရိုးရှင်းတယ် ..
နွေးထွေးတယ် ..
အဓိပ္ပာယ်လေးနက်တယ် ..
တစ်သက်စာ ရည်ရွယ်ထားတဲ့
Relationship တွေမှာပဲ တွေ့ရတဲ့
ရှားပါးလှတဲ့ အရာဟာ
အဲဒီ ချစ်ခြင်းမေတ္တာပါပဲ ။

#သက်ထားခင်thk
#အချစ်ရဲ့နောက်ကမေတ္တာစိတ်

image