မေတ္တာတရားရဲ့ အေးမြမှုကို
အတ္တသမားတွေ မခံစားတတ်ဘူး။
ကိုယ့်အတွက်ပဲ သိတဲ့သူဟာ
ပေးဆပ်ခြင်းဆိုတာ
သူတို့နဲ့ မသ-က်ဆိုင်ဘူးလို့ထင်ကြတယ်။
သူတစ်ပါးအတွက်ဆိုတဲ့
အတွေးမျိုး မရှိကြဘူး ။
သူ့နေရာမှာ ငါသာဆိုရင်ဆိုတဲ့
ကိုယ်ချင်းစာတရားမျိုး မထားတတ်ကြဘူး။
မေတ္တာပေးတတ်သူမှ
ပေးဆပ်ခြင်းရဲ့ အရသာကိုခံစားနိုင်တာပါ။
ချစ်ခြင်းတရားရဲ့ တန်ဖိုးကို
လှည့်ဖြားတတ်သူတွေ နားမလည်နိုင်ဘူး။
ကိုယ့်စိတ်သာယာမှုကိုပဲ သိတဲ့သူဟာ
လေးနက်တဲ့ သစ္စာတရားဆိုတာ
သူတို့နဲ့ မသ-က်ဆိုင်ဘူးလို့ထင်ကြတယ်။
သူတစ်ပါးအတွက်ဆိုတဲ့
အတွေးမျိုး မရှိကြဘူး။
သူ့နေရာမှာ ငါသာဆိုရင်ဆိုတဲ့
ကိုယ်ချင်းစာတရားမျိုး မထားတတ်ကြဘူး။
အမှန်တကယ် ချစ်ပေးတတ်သူမှ
လေးနက်ခြင်းရဲ့ တန်ဖိုးကိုခံစားနိုင်တာပါ။
#စာအုပ်စာပေလူ့မိတ်ဆွေ
#fypviral #foryoupage