4 w - Translate

ငါးမွှေးနီခေါ် ငါးပုဏ္ဍား, ဆီလည်ရေလည်ချက်နည်းလေး.
ထုံးစံတိုင်း ငါးကိုင်သန့်စင်ပီးရင် အရသာနယ်မယ်. မျှင်ငပိကတော့မပါမဖြစ် ကိုယ်ကတော့ဟင်းချက်ရင်ငြုတ်ပုပဲထောင်းပါတယ်. ကြက်သွန်ဖြူနီဂျင်းငြုတ်ပုထောင်းမယ်. ဆီသတ်မယ်. ငါးထည့်မယ်. ရေထည့်အသာလှုပ်ပေးပါ. မန်ကျည်းရည်အနဲငယ်ထည့် အိုးချကာနီး
ရှမ်းနံနံအုပ်ပေါ့နော်. ဆီကအရမ်းလဲမများဘူး. ငါးအချိုဓာတ်ကအနှစ်တေပျော်၀င်ပီးအရမ်းကိုစားမြိန်ပါတယ်.ကိုယ့်အိမ်မှာတော့အဲလိုချက်တယ်.

image