Tokyo ကိုအလည်အပတ်ခရီးစဉ်နဲ့
မြန်မာငွေ ၃၅ သိန်းဝန်းကျင် (ယန်းတစ်သိန်း) ဆုချီးမြှင့်မယ့် Essay ပြိုင်ပွဲကြီး 🤩

ICU Global Youth Essay Competition 2024

International Christian University (ICU) Japan ICU Foundation တို့ပူး‌ပေါင်းပြီး လူငယ်တွေအတွက် Essay ပြိုင်ပွဲကြီး ကျင်းပပေးနေပြီဖြစ်ပါတယ်။

World Peace ဆိုတဲ့ Theme နဲ့ကိုက်ညီတဲ့ Essay ကိုရေးသားပေးရမှာဖြစ်ပြီး ကမ္ဘာပေါ်မှာဖြစ်ပေါ်နေတဲ့ ပြဿနာရပ်အသီးသီးကို ကိုယ်ပိုင် Idea နဲ့ဖြေရှင်းတဲ့ ပုံစံဖြစ်ရပါမယ်။

❌ သူများ Idea၊ ရှိပြီးသား Solution မဟုတ်ရပါဘူး ❌

Eligible Criteria
❗️ အသက် ၁၄ မှ ၁၈ ဖြစ်ရပါမယ်
❗️ ဂျပန်နိုင်ငံမှာ နေထိုင်နေသူမဖြစ်ရပါဘူး
❗️ တက္ကသိုလ်၊ ကောလိပ်တက်ရောက်နေသူမဖြစ်ရပါဘူး။

English လိုပဲရေးသားရမှာဖြစ်ပြီး စကားလုံးကိုတော့ 650 အထိသတ်မှတ်ထားပါတယ်။ Theme နဲ့ကိုက်ညီပြီး ကိုယ့်ဖြေရှင်းချင်တဲ့ပြဿနာကိုအကောင်းဆုံးဖော်ပြနိုင်မယ့် Title ကို ကိုယ်တိုင်သတ်မှတ်ရမှာပါ။ Title ကို Word Count ထဲ ထည့်သွင်းရေတွက်သွားမှာမဟုတ်ပါဘူး။

ကိုယ့်ရဲ့ Essay က ဖြေရှင်းရမယ့် ပြဿနာရှိရမယ်၊ အဲ့ပြဿနာကို တိတိကျကျဖြေရှင်းထားရမယ်၊
ကိုယ်ပိုင် idea ဖြစ်ရမယ်
Grammar မှန်ရမယ်။

AI နဲ့ရေးသားထားခြင်း၊ တခြားသူထံမှ ကူးရေးထားခြင်း၊ ကိုယ်ပိုင် Idea မဟုတ်ခြင်း၊ ကိုယ်ဖော်ပြထားတဲ့ ပြဿနာ တိတိကျကျဖြေရှင်းထားခြင်းမရှိခြင်း၊ ပြဿနာတစ်ခုထက်ပိုပြီးဖြေရှင်းထားခြင်း၊ ခေါင်းစဉ်မပါခြင်းတို့ကို လုံးဝထည့်သွင်းစဉ်းစားပေးမှာမဟုတ်ပါဘူး။

ကဲ....ဒါဆိုရင် ဘာဆုတွေရမှာလဲ?

🎖 ပထမဆုရှင်အနေနဲ့ ရွေးချယ်စရာနှစ်ခုရှိပါတယ်။ ပထမတစ်ခုကတော့ တိုကျိုကို အသွားအပြန်လေယာဉ်လက်မှတ်အပါအဝင် အုပ်ထိန်းသူနဲ့အတူ လည်ပတ်ခွင့်ရမှာဖြစ်ပါတယ်။ ခရီးမသွားဘူးဆိုရင် ယန်း တစ်သိန်းဆုချီးမြှင့်မှာဖြစ်ပါတယ်။ ခရီးသွားမလား ငွေသားယူမလား❓(Only 1 Winner)

🎖 ဒုတိယဆုရှင်တစ်ယောက်သာရွေးချယ်မှာဖြစ်ပြီး ယန်း ငါးသောင်းနဲ့ညီမျှတဲ့ လက်ဆောင်ရမှာဖြစ်ပါတယ်။

🎖 တတိယဆုရှင် ဆယ်ယောက်တိတိနဲ့ special prize ဆုရှင် တစ်ဦးတို့ကိုလည်း အသီးသီးဆုချီးမြှင့်သွားဦးမှာဖြစ်ပါတယ်။

October 9 ရက်နေ့ Deadline ဖြစ်‌တာကြောင့် လက်မနှေးပဲ အခုတည်းက လျောက်လိုက်တော့နော်။

အသေးစိတ်သိရှိစေရန် 👇

https://www.icu.ac.jp/en/news/....GlobalYouthEssay2024

တခြားသူလေးတွေသိရအောင် ပို့စ်ကို Like & Share ပြုလုပ်ပေးသွားပါဦးနော်။

#grammarcorner
#crd

image