4 w - Translate

တစ်ဖက်သတ်
———————

ဒီညနေခင်းမှာလည်း
ဘာရယ်တော့မဟုတ်
အလွမ်းလေပြေတွေကို မှုတ်ထုတ်လိုက်တယ် ။

ချစ်ခြင်းမေတ္တာရဲ့
မှော်ဆန်မှုတိမ်တိုက်တွေရဲ့ကြား
အလွမ်းတွေဟာ
ဘယ်ကမ္ဘာထိ ခြားနားဦးမလဲ ။

ဘဝက
ပြေးနေတဲ့လမ်းပေါ်က
ဘီးချော်ထွက်သွားခဲ့ရတဲ့ ရထားလိုပဲ
တချို့အခိုက်အတန့်တွေမှာ
တော်တော်လေး ကြေကွဲစရာကောင်းလွန်းခဲ့ရ ။

ခေါင်းထိုးခံပြီး
ရင်တွေကွဲခဲ့ရတဲ့နေ့တွေအကြောင်းကို
ပြန်ပြောင်းတွေးကြည့်မိတော့လည်း
ချုပ်ရိုးမကျက် နှလုံးသားတစ်ခြမ်းက
ဟက်တက်ကွဲ ဒဏ်ရာကြီးနဲ့
တောက်ထခေါက်ရတယ် ။

ဆန်အရက်တစ်ခွက်နဲ့
လည်မျိုကို မျောချခဲ့သည့်နေ့များရဲ့
ပစ်စလက်ခက် ဖြတ်သန်းခြင်းများ
စားပွဲခုံပေါ်က
တန်းစီ‌ပုလင်းလေးတွေကလွဲလို့
ငါ့မှာ ပြန်လွမ်းစရာ ဘာမှမရှိခဲ့ပါ ။

အသက်ဓာတ်ကလေးရေ
ကောင်းကင်ဘယ်လောက်ပြိုပြို
ဘဝကို
သက်တန့်တွေလိုအရောင်စိုပါရစေလို ။

#နွေဦးရောင်
#ahaungsine

image