4 w - Translate

ဆန္ဒတွေရှိပေမယ့်
တစ်ခါတစ်လေကျ
လက်တွေ့ကို ပိုဦးစားပေးရတတ်တယ်လေ
ဘယ်သူမဆို
အကောင်းဆုံးဆိုတာတွေချည်း
မျှော်လင့်ထားတတ်တာပါပဲ
ဒါပေမယ့်
အဆိုးဆုံးအခြေအနေတွေပဲ
ရလာတဲ့အခါ
ကိုယ့်မှာ ပြိုလဲခွင့်တွေရှိမနေရင်
အဲ့ဒီ အဆိုးဆုံးအခြေအနေမှာ
အကောင်းဆုံး ရပ်တည်ရတာပဲ မဟုတ်လား ။
အဆင်ပြေနေတာပဲ မဟုတ်လားဆိုတဲ့
မေးခွန်းတွေကို
အင်း ပြေနေတာပဲလေဆိုပြီး
ခပ်ချေချေ ဖြေရုံပေါ့
ပျော်နေတာပဲမဟုတ်လားဆိုတဲ့
မေးခွန်းတွေကိုလည်း
သိပ်ပျော်တာပေါ့ဆိုတဲ့ စကားနဲ့
ပြန်ချေပရုံပေါ့
အကောင်းဆုံးဆိုတဲ့
အရာတွေကိုပဲ ပေးချင်ခဲ့တာ
ပြီးတော့ ...လိုချင်ခဲ့တာ
ဒါပေမယ့်
ဖြစ်ချင်တဲ့ ဆန္ဒတွေက
အရေးမှ မကြီးပဲလေ ။

#ကျေးကို

image